၂၅ကျပ်သားနဲ့ကြံခိုင်ဖွံ့ဖြိုးခေါင်းပေါင်းများ
_______________________________
အဓိပ္ပါယ် မဲ့တယ်လို့လူတိုင်းပြောတဲ့စာအုပ်
အစိမ်းရောင်ဖုံးအုပ်ထားတာဘာသဘောလဲ
မာတိကာမှာစိတ်ဝင်းစားစရာကြောက်မက်ဖွယ်ရာတွေနဲ့
စနစ်တစ်ခုကိုကာကွယ်တဲ့စာအုပ်(ဇတိပြ)လို့ အမည်ပေးလိုက်တယ်
စ ဖတ်ဖတ်ချင်းဘီလူးစီးခံရဖို့ ကြိုးကိုင်တဲ့စာအုပ်ပဲ
တကယ်ဆို သိပ္ပံစိုးလှဘာသာပြန်တဲ့ဆိနိတ်အမတ်စာအုပ် ငါဖတ်သင့်တာပေါ့
၉၆ပါးရောဂါဟာ DSAကလာတဲ့ ဝန်ကြီးတွေပဲ။
ဒင်းတို့ရဲ့ တွေးခေါ်မှုတွေဟာ နိုင်ငံတော်အတွက် ဝန်ထုတ်ဝန်ပိုးတွေပဲ
နေ့သစ်တွေအကြွင်းမဲ့ ပိပြားစေဖို့ပဲ
သေနတ်တွေနဲ့ ဥပုသ်ဝင်ပြီး အာပတ်ဖြေတဲ့နှစ်တွေ မကုန်နိုင်တော့ဘူး
ဘာသာတရားထဲက ဆင်ခြင်မှု ဖြုတ်ချထားလိုသူတွေ
သေချာတဲ့ မသေချာမှုနဲ့ဘဝဆိုတဲ့ စံနှုန်းတွေအပြည့်အသိပ်တည်ဆောက်ခံယဉ်ကျေးမှုတွေကို ဖန်တီးကြတယ်
ပေါင်မုန့်တွေလိုအပ်သလို မေတ္တာတွေလိုအပ်နေတဲ့ခေတ်
အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဦးဏှောက်ဖောက်စားတဲ့ခေတ်
သေခြင်း ရှင်းခြင်းဟာ မထူးခြားနား နိစ္စဓူဝတရားများ
အာဏာရဲ့ ပြင်းထန်တဲ့ နေ့ရက်တွေထဲ တွန့်တွန့်လူးတဲ့ တီကောင်းများလို
ဆားအပတ်ခံ သီးချင်းမှာ စကားလုံးတိုင်း အမြောက်ဆံတွေ တပ်ဆင်ထားကြပြီ
တိုက်ရိုက်ထုတ်လွှင့်တဲ့ သေခြင်းတရားနဲ့ ပစ္စုန်ပ္ပန်ဟာ ကျန်းမာနေရပြီ။
လင်းဆက်ဝေ(ပျဉ်းမနား)
Comments
Post a Comment