ဘာမှမဟုတ်တဲ့ သဲပွင့်လေးပါပဲ။
သဲပွင့်လေး တစ်ပွင့်ရဲ့ ခံစားချက်ကို နားလည်ခံစားပေးနိုင်တဲ့ ရင်ခွင်တစ်ခုခု ရှိနေပါ့မလား.....။
သောင်ပြင်နုနုလေးပေါ်ပြေးလွှားဆော့ကစားကြည်နူးကြတဲ့အခါ.....သဲပွင့်လေးတွေရဲ့ နူးညံ့တဲ့ ထိတွေမှုကို သင် အမှတ်တရ သိမ်းထားဖူးပါသလား....။
ပင်းလယ်မှာ လမ်းပျောက်တဲ့အခါ မီးပြတိုက် အကူအညီ နဲ့ အသက်အန္တရာယ် ကင်းလွတ်ခဲ့တ်ာမို့လား....။
သဲပွင့်လေးတွေရဲ့ အားနဲ့ မီးပြတိုက်ကို တည်ဆောက်ထားတာ သင်သိပါသလား....။
သဲပွင့်လေးတွေ အထီးကျန်နေချိန် ခပ်ပြင်းပြင်းလှိုင်းတို့ပုတ်ခတ်ခံရချိန် သဲပွင့်လေးကို စာနာနားလည်ပေးခဲ့ဖူးသလား...။
သဲပွင့်လေးရဲ့ တိတ်ဆိတ်တဲ့ မေးခွန်းတွေ ဘယ်သူသိမလဲ။
ကမ်းခြေတလျှောက် သောင်ပြင်တစ်လုံး သဲပွင့် တပွင့်စီရဲ့ ပျော်စရာမဲ့ညတွေမှာ လရောင်ဆမ်းတဲ့တေးသီသံတွေပျောက်ဆုံး.....
သူလို ကိုယ်လိုသဲပွင့်တွေ ငြိမ်သက် လဲလျောင်းနေကြတယ်မျက်စိတဆုံးးးးဝါဖျော့ဖျော့လေးဖြူလင်းနေကြတုန်းးးး။
လင်းဆက်ဝေ(ပျဉ်းမနာ)
Comments
Post a Comment