ဘဝင်မကျခြင်းမှာ ရွှတ်လွှင့်တဲ့လှေ
_______________________________
သူမနာမည်ဟာ ကျောက်သားကိုဖောက်ထွက်သွားတဲ့ရေစက်ကလေးပင်ဖြစ်သည်။
ပီတိတွေဝေဆာလျှက်လို့ အကျယ်ကြီးချရေးလိုက်သည်။
ကောင်းမြတ်သောနေ့ရက်တွေလို့။ ယူဇနာပေါင်းများစွာ အလွတ်ကျက်ထားလိုက်သည်။
အခုလို နောက်ပြီးရင်လည်း အခုလို။
သံသရာတစ်ခုလုံးလည်းအခုလိုလားဟု.....။
ဒီလို
ချစ်ခြင်းမှာ နီးကပ်စွာ အလေ့အကျ အတူတူပေါက်ရောက်ခဲ့ဖူးသည်။
ကတိစကားတွေစစ်မဖြစ်တော့ရင် ......။
ဆေးလိပ်ကိုမီးညှိပြီး အဆုတ်ထဲရှိုက်သွင်းသလို။
သူမနာမည်ကို အသဲ(သည်း)နှလုံးထဲထိရှိုက်ခဲ့သည်။
ကျွန်တော်ဆိုတာ တသီးပုဂ္ဂလ နာမဝိသေသနပင်ဖြစ်သည်။
သို့သော်.......
အမှတ်ရခြင်းတွေဟာ မေ့ပစ်ဖို့ကောင်တဲ့အရာပဲဖြစ်သည်။နေ့စွဲတစ်ခုဟာ မကြာခင် နှစ်ကူးတော့ပါမည်။မသေချာခြင်းအိပ်မက်ကလေးရဲ့ရှေ့ခရီးတို့သည်။နွမ်းလျလွန်းတဲ့စိတ်နဲ့ ရှင်သန်နေရပါဦးမည်။အစိုးမရသောလောကထဲမှာ တစ်စုံတစ်ခုအား နမ်းရှိုက်ချင်မိပါသည်။ဆန္ဒတွေပြင်းထန်နေသောစိတ်အဟုန်ကို ဇာတ်သတ်ထားရတဲ့အချိန်အခါ ...များဖြင့်။
ကမ္ဘာကြီးပူနွေးလာခြင်းနှင့်အတူ ...။စိတ်ကူးယဉ်ရာသီတို့ဆိုးရွားလာပါသည်။သေချာခြင်းတစ်ခုခုရှိနေလိမ့်မည်ဟု နာမ်စားတစ်ခု အားနည်းနေသည်။လင်းလိုက် မှိတ်လိုက်ဖြစ်အောင် ခလုတ်နိပ်သောသူမှာ သူမဖြစ်၍ ခဏခဏကျွမ်းသောမီးသီးလေးမှာကျွန်တော်သာဖြစ်သည်။
ကျွန်တော် ငရဲမှာနေရတာ အကြာကြီး၊ကျွန်တော်ချစ်တယ်လို့ အကျယ်ကြီးအော်လည်း သူမ မကြားရခြင်းပဲဖြစ်မည်။
လွမ်းတယ်ကွာလို့ပြောရတာကိုကရွာကြီးတစ်ရွာစာလောက်ဝေးနေရပါသည်။
ကောင်းကင်ထဲမှတစ်ပွင့် နှစ်ပွင့်...ကျလာတက်တဲ့လျှို့ဝှက်တဲ့ အနမ်းတွေသည်လည်း၊
သေမင်းကို ဖူးမျှော်ရသလိုမျိုး မေတ္တာတရားတွေအလွှာခြားနေတာပဲ ဖြစ်နိုင်သည်။
ကျွန်တော်ပေးချင်တာရော ကျွန်တော်ယူချင်တာရော ငြိမ်းချမ်းရေးပဲဖြစ်သည်။
ကျွန်တော့်ရဲ့ထောင့်ကွေးကွေးလေးထဲအလင်းလာချိန် ဝမ်းနည်စွာမျှော်နေရသည်။
လေးလေးနက်နက်မှောင်မိုက်ခြင်းနဲ့အတွေးတွေလွှင့်စင်နေရဆဲပင်ဖြစ်သည်။
ထို့ကြောင့်သာပင်....
ကျွန်တော်ချစ်မိတယ်လို့ ငရဲမှာ အကြာကြီးနေရစ်ခဲ့ခြင်းဖြစ်သည်။
လင်းဆက်ဝေ(ပျဉ်းမနား)
၅.၈.၂၀၁၅
Comments
Post a Comment