တံခါး​ပေါက်



တံခါးပေါက်
_____________

အော်ခေါ်လိုက်တဲ့ အမည်ဟာ
ငါ့ရဲ့ ဘယ်ရင်အုံမှာပဲ ပိတ်မိ
ငါ့နဘေးက ဖြတ်လျှောက်နေတဲ့
နာရီသံထဲမှာ ပျော်စရာတွေရှိသေးရဲ့လား။

မိုက်​မိုက်​ရိုင်းရိုင်း ငါ့ သက္ကရာဇ်​ ထဲ
တကယ်ဝင်လာရဲရဲ့လား ပျော်စရာရေ....
အသိဉာဏ်ချင်းပွတ်တိုက်မိတဲ့အခါ
အမည်နာမတစ်ခုခု လရောင်နဲ့ လောင်ကျွမ်းစေနိုင်သလား။

စနစ်ဆိုးတွေကြားမှာ ဘဝဟာ အကျိုးအကြေပါပဲ
မေးခွန်းတွေရဲ့ ကျယ်လောင်မှုကိုတာဝန်ကျေချင်သူပါ
ကိုယ်ယုံကြည်ရာတွေ ပိုးတုံးလုံး မှ လိပ်ပြာဖြစ်စေသား။

လင်းဆက်ဝေ(ပျဉ်းမနား)
12.8.2015


Comments