နားလည်မှုတွေထပ်တူ
-------------------------
ရင်ချင်းဆက်တဲ့နှင်းမိုးတွေ
ခေတ် တခေတ်လုံး တုန် ရီ နေပုံမျိုးနဲ့
အလင်းမှိန်မှိန်ထဲမှာ မျက်နှာခြင်းနီးကပ်
ရှင်သန်ခြင်းထဲ အချစ်ရဲ့နှုတ်ခမ်းတွေ
ကိုယ်ရင်ဘက်ပေါ် နားခိုတယ်
အမြတ်တနိုး ခေါ်သံလေးမှာ နီးရ
ကမ္ဘာပျက်မယ့်နေ့တွေ ၂ဦးကြားမှာမရှိခဲ့ သလိုလို
တနေရာစီ အလွမ်းနဲ့အိပ်စက်
တနေရာစီပဲ အလွမ်းနဲ့ အိပ်မက်မက်ကြတယ်
ကိုယ်တို့ရဲ့ သယံဇာတ ဆိုတာ
ကြယ်တွေထက်လင်းတဲ့ချစ်ခြင်း
သစ္စာမှာ မေတ္တာအပြည့်နဲ့...ထိန်လင်း
ရုပ်နဲ့ နာမ်လို တခြားစီကွဲမနေပဲ
နားစွင့်လိုက်တိုင်း နှလုံးသားရဲ့အသံ ထက်တူညီ လွန်းတယ်
ဘဝဆိုတဲ့အနားတွေ ညီလို့
ကျိုးကြေမသွားတဲ့ ကြိုးဆိုတာ...
သံယောဇဉ် နဲ့ ရက်ဖွဲ့တဲ့ကြိုး
လွတ်လပ်စွာ တဦးနဲ့တဦး
လက်တွေ ကွဲထွက်မရအောင်မြဲနေတယ်။
လင်းဆက်ဝေ(ပျဉ်းမနား)
21.7.2015
Comments
Post a Comment