ပူအိုက်သောသဲလွန်စများ

ပူအိုက်သော သဲလွန်စများ
________________________

အခု ရှူရှိုက်လိုက်တဲ့ လေကို ငါမြင်တယ်
သေချာကိုင်တွယ်ကြည့်ပြီးပါပြီ
ဆည်လည်းသံတွေ သက်တန်တွေမပါဘူးဆိုတော့
ရှင်သန်ခြင်းဟာ ရှင်သန်ခြင်းထက်မပိုတော့ဘူးပေါ့
အဓိပ္ပါယ်​တွေ ခွဲခြမ်းစိတ်​ဖြာစရာ
ရိုးရိုကျင့် မြင့်မြင်ကြံဖို့ အတ္တ ကောင်တွေကြီးစိုးနေတာကို ဘယ်လို အနိုင်ယူရပါ့
ငါ့သွေးတွေ ဆောင့်တက်တာကုန်ဈေးနှုန်းကြီးတာနဲ့ဆိုင်သလား
ထစ်ခနဲ့ဆို ၂၅ကျပ်သားတွေက ဖျာခင်းတယ်ဆိုတာလည်း
လုပ်ပိုင်ခွင့်တွေအရ
ပညာရေးမှာ ကျန်းမာရေးမှာ နေရာယူတယ်
လွှတ်တော်မှာနေရာယူတယ်
နှစ်ပေါင်း၆၀နေရာယူလို့အားမရသေး
အခု သေခါနီးကို နေရာတွေယူကောင်းတုန်း
လယ်တွေယူကောင်းတုန်း
အာဏာတွေ ပါဝါတွေ ယူကောင်းတုန်း
ကဲ....ဒီလိုဆို
အာဏာရှင်တွေကို
ချစ်ကြောက်ရိုသေရမှာလား
အဘ အဘ အဘ လို့ လေးစားပြရမလား
၂၀၁၅ဟာစာတန်းဖို့မလိုပါဘူး
အားလုံးနားလည်ပြီးသားရုပ်ရှင်
ဒိုင်ယာလော့ အသေတွေက သက်သေတွေပဲ
ဒီအကြောင်းအရာတွေနဲ့ စောက်ပိန်းတွေ ပဏ္ဏာတည့်နေကြတာဟာ
အဓိပ္ပါယ်​မရှိဘူးလို့ ဒေါသထွက်တိုင်း......
ငိုးမ အဏာရှင် နဲ့ ငိုးအခရိုနီတွေလို့ နံနက်/ည မေတ္တာပို့မိတာပါပဲ
ကဲ....အခု ခင်ဗျားတို့ အာမေဋိက်အသံနဲ့ ပျော်နေသလား
စိုးရိမ်ရေအမှတ် ခင်ဗျားတို့အတွက်မရှိတာကိုဂုဏ်ယူနေသလား
တိုင်းပြည်ကို မကာကွယ်ပဲ ရောင်းစားသူတို့
ခင်ဗျားတို့ကြိုက်တဲ့ အာဏာ ကျုပ်မကြိုက်တာကိုကုက္ခဖြစ်နေရသလို
ပြည်သူအားလုံးလည်း ဒုက္ခဖြစ်နေရချိန်တွေ မိုင်ကုန်ခဲ့ပါပြီ
ငြိမ်းချမ်းရေးတရားအတွက် ၂၅ပြားလို.....။

လင်းဆက်ဝေ(ပျဉ်းမနား)
၉.၈.၂၀၁၅


Comments