မပိုင်ဆိုင်တဲ့ ကမ္ဘာ

မပိုင်ဆိုင်တဲ့ ကမ္ဘာ
___________________

အနူးညံ့ဆုံး ပန်းပွင့်စေတဲ့ စကားတွေ ရပ်သွားပြီ။
တစ်စုံတရာရဲ့ ပိတ်ဆို့ထားခြင်းနဲ့။
ခံစားချက်တွေတိုင်း ကန့်သတ်ဘောင်ထဲ ပျော်စရာဆိုတာတိုက်ခိုက်ယူရမလား။ ချုံခိုပြီးအဆုံးစီရင်ဖို့ကြိုးစားခြင်း။
၎င်းဟာ ၄င်းလိုပဲနေပါရစေတဲ့။
အဓိပ္ပါယ်ကိုနားလည်းပေမယ့်။
အဓိပ္ပါယ်ဟာဘာမှရှိနေတော့ဘူး။
မီးလောင်းနေတာပဲ ငါဟာဆေးလိပ်လို မီးခိုးတွေအူးရ။
အမှန်ကိုလွှင့်ပြစ်ပြီးငါညာနေတာပဲ။ငါမသိဘူး။ငါဝမ်းနည်းစရာတွေမသိဘူး
။ဒဏ်ရာတွေကိုချစ်တက်ဖို့လက်ခံနေပြီလား။သိပ်တော့ကိစ္စမရှိဘူး ပူမိတာပဲ။ငါကြည်နူးပေးနိုင်ခဲ့တယ်။ ၄င်းကြည်နူးဖို့။ငါတွေထွက်ခွာပေးဖို့လိုအပ်ပြီလား။စိတ်ထဲက ပုံရိပ်တွေ အကုန် မြောင်းထဲထိုးထည့်ဖို့ အားးး။
အနာဂတ်ဆိုတာမရှိဘူးပစ္စုန်ပ္ပန်ဆက်တိုက်တွေပဲရှိတာ။အတိတ်ဆိုတာထီထိုးတုန်းကပြောခဲ့မိတဲ့အရာလား။သွားပြီး ခွေးဆိုးမြို့ရောက် သွားပြီ။
အကြင်နာတရားမရှိခြင်းတွေဆီကိုဆက်သွားပြီ။ဂိမ်းအိုဗာတွေဆော့ဖို့သွားပြီ။အပူ အအေး မမှန်တော့တဲ့ ငါ့ခန္ဓာကိုယ်ကို လျော်ဖွတ် မီးပူထိုး ခေါက်ရိုးကျိုးဖို့ သွားပြီ။ အလကားနေရင်းရာသီဥတုဆိုးဝါးနေရပြီ။
ဆင်ချင်တုံတရားအရွယ်ရောက်ဖို့ ခါးသီးခြင်းနဲ့ ပွေ့ဖတ်နေရပြီ။
ဘုရားသခင်းလည်းမကယ်တင်နိုင်ဘူး။ငါ့အတ္တကိုပြန်ကယ်တင်ဖို့
သံချေးတက်နေတဲ့ ငါတရားတွေမနာတော့ဘူး။ငါဆိုတာမရှိတော့ဘူး ဆိုရင်ငါမရှိဘူးဆိုပေမယ့်ဝေဒနာတွေရှိနေနိုင်သေးတာ။ဝေဒနာတွေရှိနေတာတွေဘာကိုဗဟိုပြုတာလဲ။ဗဟိုဆိုတာဘယ်ကလာတာလဲ။ဆက်မတွေတော့ပဲထားလိုက်တော့။ဒါဟာကမ္ဘာဦးအစကလာတဲ့ရောဂါမဟုတ်ဘူး။ခေတ်သစ်လူသားတွေတီထွင်လိုက်တဲ့ ယဉ်ကျေးမှုရဲ့ဒဏ်ရာ။ကမ္ဘာပျက်စီးသွားရင်ပျောက်လိမ့်မယ်။ကမ္ဘာပျက်ဖို့ငါ့တသက်စောင့်ရမယ်။ငါ့ရဲ့ကမ္ဘာထဲတရားမျှတခြင်းဆိုတာ ဘက်မညီတဲ့ချစ်ခြင်း။
ငါ့အိပ်မက်တွေလုပ်အားခအဖြစ်၎င်းရဲ့ကြင်နာခြင်းကို မရခြင်းဖြင့်။ခေါင်ပုံဖြတ်ခြင်းဟာ တရားမျှတပါရဲ့။
ငါက လောင်နေတဲ့မီး  ပူနေမလား လင်းနေမလား။
ကိုးကွယ်စည်းကပ်ခြင်းတွေဟာ အလာဟသပဲ။
ဘုရား ဘုရားဆိုတာ ငါမတွေ့ဘူးတဲ့ ဖတ်စာအုပ်ထဲက ဘာသာရေးပုံပြင်။သိမှုအစပ်အဆက်ပြတ်ခြင်းရဲ့ အဖြေဟာ...။ အရက်နဲ့ဖြည်လျော့ကြည့်ခဲ့။
ဦးညွှတ်ခြင်းတွေ တခွက်ပြီးတခွက် ကဏှာမငြိမ်ခြင်းနဲ့ငါဖြူစင်ခဲ့...။ဒီလိုအဆိပ်တက်တသီးပုဂ္ဂလဓာတ်ခွဲခန်းထဲအပြည့်အဝကျကွဲခြင်းတွေဖြစ်ခဲ့ပုံပါ။ကွယ်။

လင်းဆက်ဝေ(ပျဉ်းမနား)
25.8.2015


Comments