မီးခိုးကြွက်လျှောက်အသံ
______________________
(ခစ် ခစ်)=(ထေ့သံ၊လှောင်သံ အောင်နိုင်သူရဲ့အသံလို)(ဟိုကောင်တော့ အလိမ်ခံနေရပြီ)
(သူမှနံဘေးက ယောင်္ကျာတစ်ဦးရဲ့အသံ)
တိုးဝင်လာတဲ့အသံဟာ လူကိုသွေးပြက်ဖွယ် .....
ငရဲသားတယောက်ရဲ့ဒယ်ပိုင်းထဲကညော်နံလိုအသံ.....။
တမင်ကြံစည်းထားသလို ခြောက်လန့်သံ။
အေးဆေးပဲ မီးလောင်နေသူ ကိုယ်က ဘယ်လို အပူမှ မမှု့တော့ဘူး....
လောင်ကြွမ်းခြင်းဟာ အရှိန်အနည်းငယ်တိုးလာရုံပဲ.....
ဒီထက်မပိုဘူး အေးဆေးပဲ။
ယုံကြည်မှုတွေဟာ ပြာတွေအဖြစ် ရှိနေဦးမှာပါ။
ကိုယ့်ရဲ့ အာရုံတိုင်း တွေးမှုကအစ ဒဏ်ရာတွေ တစက်စက်ယိုကျလို့။
နေ့တဓူဝ ဖြစ်၊ပျက် နေကြတဲ့ လောကပါပဲ။
အပျက်တွေ တစ်ခုပြီး တစ်ခု ....
အသံ နားထဲကို တိုးဝင်လာသံ (ခစ် ခစ်)(ဟိုကောင်တော့ အလိမ်ခံနေရပြီ)
သူမှနံဘေးက ယောင်္ကျာတစ်ဦးရဲ့အသံ)
အေးဆေးပဲ။ ကိုယ်က အေးဆေးပဲ။
ဘာမှမတက်နိုင်တဲ့ ကိစ္စအတွက် တွေးပူမနေတော့ဘူး။နေမြဲအတိုင်းလေပဲ။ လှိုင်းထန်တဲ့ ငလျင်တွေ အမြဲတမ်းကြုံနေကြပါပဲ။
ဒီအသံမှာ တရာခံရှိနေပါသလား။
ဒီအသံ ဖြစ်ပေါ်စေတဲ့ တရာခံက သူမဘေးက ငနဲ့ကြောင့်လား။သူမကြောင့်လား။ကိုယ့်ကြောင့်လား။အဖြေဟာ၃မျိုးလောက်ထွက်လာဖွယ်ရှိနေတယ်။၃မျိုးစလုံးဟာ အမှန်တော့မဖြစ်တန်ရာဘူး။
ကိုယ်ကတော့အမြဲမှားနေကြပဲ။ဖြစ်၊ပျက် လောကကြီးမှာ အမှန်းတရားဆိုတာ ပြောင်းလဲမြန်တဲ့ သံလိုက်အိမ်မြောင်ပဲ။
သူမကို အတူတူနေချင်ပြီလို့ မပြောသင့်ဘူးမို့လား။ ခြံစိုက်ခင်းလေးရယ် စာကြည့်တိုက်လေးရယ် သူမရယ်။ နောက်ပြီး။သားသား မီးမီးလေးရယ်နဲ့ကြည်နူးဖွယ်တွေလို့။အနာဂတ်ကို ကြိုတင် စိတ်ကူးယဉ်ထားတာ မပြောသင့်ဘူးမို့လား။
မသိစိတ်ကနေ ချုပ်ကိုင်ဖို့ မက်လုံးပေးလိုက်များလား။ဒါပေမယ် ဒါမျိုးစကားက လူတိုင်းပြောနေကြစကားပဲ။ထူးပြီးဆန်းကြယ်တဲ့ စကားတွေတော့မဟုတ်ဘူး။
ဒါမယ့် ပြောသင့်လား မပြောသင့်လား
အဲ့အကြောင်းပြောတုန်းက မစဉ်းစားမိခဲ့တာ အမှန်ပဲ။
Comments
Post a Comment