ဒိုင်ယာရီ

ဒိုင်ယာရီ
____________
***ပထမစာမျက်နှာ***
လွမ်းတယ်ဆိုတာ.... အသဲနှလုံးပေါ်ကအနာစက်လေးပါ။
အခုလိုရေးလိုက်ခြင်းကိုက မျက်ရည်အနည်းငယ်စိုစွတ်ရပါတယ်။
မျော်လင်းခြင်းဟာ မပြည့်ဝပဲ စိတ်ကူးတွေထဲမှာကြပ်ညှပ်နေရတယ်။စိတ်ကူးရဲ့အတွင်းကျကျတနေရာမှာနှင်းဆီပန်းတွေမွှေးပျံ့နေပါတယ်။တသက်မှာတခါ ကြုံရတဲ့ချစ်ခြင်းနဲ့ အလိုဆန္ဒရဲ့ရနံ့များလား။ဘယ်လိုခက်ခဲ့တဲ့သေဘေးမျိုးလဲ ငါချစ်တယ်။
***ဒုတိယစာမျက်နှာ***
ကိုယ်းစိတ်ကူးတွေပြန်နားထောင်တိုင်းနားငြီးမိတာလည်းအခါခါ။ကိုယ်ကျိုးကြေနေတာရှင်းရှင်းလင်းလင်းပါပဲ။
အထီးကျန်​ခြင်းဟာနေရာတိုင်းကိုရောက်တယ်။
ညီမလေးရေချစ်တယ်လို့ မိုးအရမ်းရွာတယ်။နေကောင်းအောင်နေပါ။တနေ့တလံ ယုံကြည်ခြင်းဟာ ကိုယ်တို့ရဲ့တွေးခေါ်ခြင်းမှ ဘာသာစကားပါပဲ။ကိုယ်တို့ဝေးသွားခဲ့ကြရင်ဆိုတဲ့စကားကို ဘယ်တော့မှ ဂီယာထိုးမမောင်းကြေးပေါ့။ ရင်ခုန်သံပေါက်ကွဲအားနဲ့ ရှေ့ဆက်ကြပါစို့။ညီမလေးရဲ့ရင်ဘတ်ဒဏ်ရာဟာကိုယ့်ရဲ့ကိုယ့်ရဲ့အရင်းနှီးဆုံးရှင်သန်းခြင်းပါပဲ။
***တတိယစာမျက်နှာ***
ဖွင့်ထားတဲ့ပြူတင်းပေါက်မှာ အိပ်မက်လေးအရောက်လာတယ်လို့ စိတ်ကူးယဉ် ခဲ့တယ်။နေ့တိုင်း ညတိုင်းမဟုတ်ခဲ့ရင်တောင် အားတိုင်းရူးခဲ့တဲ့အတွေးမျိုးပါ။
ဒါဟာ စိတ်ရောဂါပြင်ထန်နေတယ်လို့ အပေါင်းအသင်းတချို့နဲ့ဆရာဝန်တွေကပြောတယ်။
အန္တရာယ်ရှိတယ်လို့ပြောကြတဲ့ ပုံရိပ်တွေဟာ ငါ့အတွက် ကြည်နူးဖွယ်တွေ...။
***စတုတ္ထစာမျက်နှာ**** ဘယ်သူကသိလိမ့်မလဲ။လွမ်းလိုက်တာလို့တွေးတောခြင်းဟာ
ဘီယာဆိုင်ထဲဝင်သွားပြီးပြန်ပေါ်မလာဘူး။
စကားလုံးတွေ ထောင် သောင်း များစွာ အပြန်အလှန်ပို့ကြတယ်..ဘီယာခွက်နဲ့ငါနဲ့......
စာသားသက်သက် အဓိပ္ပါယ်တွေဟာ အမြုပ်တစီစီလျှံကျလို့။ပျော်ရဲ့လားလို့မေးတဲ့ မေးခွန်းဟာ အမှားကြီးပါပဲ  ။
သတိရခြင်းကို ဆာဒါးဟင်းရည်နဲ့မျောချပြီးမြေပဲလေးကောက်ဝါးလိုက်ပုံပါပဲ။အမှန်ဆို စိတ်ရဲ့ပဲ့တင်သံကို သတိရခြင်းလို့ အမည်ပေးသင့်ရဲ့လား။ဒီအသံဟာရပ်တန့်လို့မရဘူး။ဆက်ခါဆက်ခါပဲrepetition။
***ပဉ္စမ စာမျက်နှာ***
ကိုယ်ရဲ့ ပါးစပ်ဟာ နေဆယ်စင်ရဲ့အပူမိသလို့ ခြောက်ကပ်လို့။ငတ်မပြေတဲ့ တမ်းတမှု့ကြောင့်လား။ဒိုင်ယာရီထဲမှာ ညတွေဟာ မအိမ်စက်ပဲပိုမှောင်းနေတော့တယ်။

ထို့နောက်.....
ထို့နောက်......
ထို့နောက်စာမျက်နှာများဟာ....
ခင်ဗျားတို့တွေးမိသလို အဆုံးသတ်ထားတာပါ။

လင်းဆက်ဝေ(ပျဉ်းမနား)


Comments