အခြေအနေတစ်ခုအရ ဘာဟာဘာဖြစ်တယမဘို့ ဘာပြောရမှာလဲမသိခ်ျန်

အခြေအနေတစ်ခုအရ ဘာဟာဘာဖြစ်တယ်လို့ ဘာပြောရမှာလဲမသိချိန်
_________________________________

အဖြူရောင်ကနေ တဖြည်းဖြည်းအဝါရောင်ရောက်သည်အထိညီမလေးရဲ့Hard Diskထဲမှာ ကိုယ်ရှိနေတယ်။
ဘာမှမဟုတ်တဲ့အဓိပ္ပါယ်​အဖြစ်နဲ့ပဲကိုယ်ရှိနေတယ်ပေါ့။
အချစ်လဲမရှိ အမုန်းလဲမရှိ ခင်မင်လေးစားတာလဲမရှိ ။
Hard Diskထဲမှာ ကိုယ့်ရဲ့identity အသေပဲ။
ရှော့ခ်ဝင်နေသောပစ္စပ္ပုန်ကို မိန်းချထားတဲ့အချိန်က
(!)ညီမလေးမရှိရင် သေနိုင်တယ်
(!!)ညီမလေးမရှိရင် လွတ်လပ်ရေးရတာပဲ
(!!!)ညီမလေးဆိုတာ အစကတည်းကမရှိတာပါ

ဆက်ထုံလေးတွေနဲ့သီထားတဲ့ ကြိုးတချောင်းဟာ
(!)အတွေးအခေါ်တွေ ဒစ်/ထစ်နေလား
(!!)အာရုံခံစားပုံ ဆက်ခါ ဆက်ကာ တွဲသီထားခြင်းလား(အဆက်ပြတ်မှာစိုးရိမ်စိတ်နဲ့)
(!!!)ဆက်ထုံးလေးတွေရဲ့အဓိပ္ပါယ်ကိုအရသာရှိရှိ နှစ်သက်မိတာလား

ညီမလေးရဲ့ ယန္တရားထဲမှာ လိုအပ်တဲ့အခါ အသုံးပြုဖို့ ကိုယ်က အပိုဆောင်ထားတဲ့ ခွေးသွားစိတ်လေးလား။
ကိုယ်သံချေး(ဂျီး)တက်သွားရင်ရော မခက်ဘူးလား။
ပထမဆုံးမြင်ဘူးတဲ့ညီမလေးရဲ့မျက်နှာဟာ ဗားရှင်းအသစ်နဲ့ အပြုံးတွေထုတ်လုပ်ပုံလည်း ဗားရှင်းအသစ်မှာပြောင်းသွားတယ်။

အားရဝမ်းသားဖြစ်ဖြစ်
မပြောမဖြစ်ပဲဖြစ်ဖြစ်
စိတ်လက်မပါပဲဖြစ်ဖြစ်
ဖြစ်နေတစ်ခုရှိနေရင်ဖြစ်ဖြစ်
ပြောစရာရှိနေသလား ပြစရာရှိနေသလား
အချစ်ဆိုတာ ကိုင်လိုမရတာ သတိထား/သတိပြု ဘယ်သူမပြုမိမိမှု
မိမိဆိုတာ ညီမလေးလား ကိုယ်လား
တစ်​ခုခုမှား​နေပြီ ။


လင်းဆက်ဝေ


Comments