ဆက်ကော့လက်ကော့နှသွေးကြောကျဉ်းတဲ့သီချင်း

ဆက်ကော့လက်ကော့နှလုံးသွေးကြောကျဉ်းတဲ့သီချင်း
_______________________________

ဘီယာသောက်တယ် ဂစ်တာတီးပြီး
ခံစားချက်တွေပေါက်ခွဲ/ကွဲ လိုက်တယ်
လူငယ်ဘဝ အမှန်တရားတိုင်းခါးတယ်
သိပ်မြတ်နိုးတဲ့သူမမျက်နှာဘယ်ရင်အုံပေါ်
ဖောင်းကြွနေတဲ့တက်တူးနဲ့ရင်ကော့ရင်
အနာဂတ်ဟာ ရင်ဘတ်ပေါ်က တက်တူးလို့ စောင့်ကြွားကြွားယုံကြည်ခဲ့တယ်
မြေကြီးကို လက်နဲ့ပုတ်ရင်မလွဲသလို
သူမနဲ့ငါ မလွဲနိုင်ဘူးပေါ့
ပါတ်ဝန်းကျင်ကလက်ညှိုးတွေကို စောက်ဂရုမစိုက်ဘူးကွာလို့.....ရိုးသားစွာရိုင်းခဲ့ဘူးတယ် တစ်ဦးပေါ်တစ်ဦးမရင့်သီးဘူးပဲ
စကားမများဘူးပဲ
အခုလို စောက်ဆန်းကြီးတွေ ဖြစ်လာတော့လည်း ဘယ်တက်နိုင်မလဲ
ဒါဟာ အမှားမဟုတ်ဘူး ချစ်ခြင်းမေတ္တာဟန်ဆောင်လာတဲ့ အတ္တတွေ
ငါနဲ့ ထိပ်တိုက် လက်ဆွဲနှုတ်ဆက်ရင်းကျောခိုင်းသွားပုံမျိုးပေါ့....။
သိုးရည်ခြုံတဲ့ဓားဟာ မှော်ပဉ္စလက်အတက်နဲ့လည်း ပန်းမဖြစ်ဘူး
အချစ်ဆိုတာ ချစ်တယ်ဆိုတာ အချိန်ပိုင်း ဈေးညှိတဲ့မိန်းမလိုမျိုးတွေလား
အသိဥာဏ်ရှိရှိ ရှုံးကြေးတင်လိုက်ကြသလား
ငါ့မှာ ခေတ်ကိုစောက်ဆန်းကြီးလို့သာမြင်မိ
အသဲကွဲတယ်ဆိုတာ နံရံကို ပစ်ခွဲလိုက်တဲ့ ဖန်ခွက်လို
အလောတကြီး ကောက်ကိုင်လိုက်ရင်
လက်တွေရှ တက် သလိုမျိုးလား
ကျမလည်းမိကောင်းဖခင်သားသမီးပါဆိုတဲ့ လောက်တက်နေတဲ့ ဒိုယာလော့တွေ
လစ်တော့ .....
ယောင်္ကျားတွေရဲ့ ရင်ဘတ်ပေါ် သံဝါသပြုဖို လစ်တော့.......
ကိုင်းကြီးကြီးမှာ ဈေးကောင်းမိဖို့ လစ်တော့
အသိဥာဏ်ရှိသူတွေဟာ ပုပ်ပွနေတဲ့အနံ့ကိုသိမှာပဲ.....
အသံအကျယ်ကြီးနဲ့ ငါကီးခိုးဆိုတဲ့ သီးချင်တစ်ပုဒ်ပါပဲ။
တစ်ညလုံး ဝိရောဓိကို ရိုတ်ခွဲခဲ့တယ်။

လင်းဆက်ဝေ
4.10.2015


Comments