ကိုယ်ပိုင်အခန်းထဲ ရယ်ခြင်း မောခြင်း အသံများ
______________________________________
ချစ်မှုရေးရား ဓာတ်ခွဲခန်းထဲက အစမ်းသတ်ခံ ဖားလေးတစ်ကောင်ပါ
ရှင်ရင်ရွှေထီးဆိုတာမျိုးမရှိဘူး
ကိုယ့်အတွက် သေချာတာ မြေကြီးပဲ
နင်းလျှောက်သွားကြပါလေ
နာမည်းဝှက်နဲ့ဖြစ်ဖြစ် ပုံရိပ်ဝှက်ထားခြင်းနဲ့ပဲဖြစ်ဖြစ်
အဇ္ဈတ္တရဲ့အသံတွေဟာ ကြာရှည်ဖုံးကွယ်ထားလို့ရရိုးလား
မုသားဝါဒလေးကောက်ရတာကိုကကံကောင်းခြင်းမို့လားပျော်စရာမို့လား.....
ချစ်ခြင်းမေတ္တာဟန်ဆောင်ထားတဲ့ညှဉ်းပန်းနှိပ်စက်ပုံက
ခေတ်ရဲ့ ယဉ်ကျေးမှုသင်တန်းတစ်ခုလို.....
ဉာဏ်ထက်မြတ်တဲ့မိန်းမတစ်ယောက်ရဲ့
မြားတွေဟာ ပန်းပွင့်လိုအမူအရာနဲ့
ကိုယ့်အသိဉာဏ်ကို ပဝါပါးပါးလေးစီးလိုက်တယ်
စိတ်တိုင်းကြ သတ် ကိုယ့်သိက္ခာတရားတွေခြွေသွား
ရင်နာရခြင်းကို မိတ္တူနဲ့ ဆွဲချုံ့လို့ရရင်ကောင်းသား
အနီးစပ်ဆုံး ခန့်မှန်းမေးခွန်းနဲ့ လွဲသွားသလို
ဘဝဆိုတဲ့ ကဏ္ဍတစ်ခုလုံး ရေစီးကမ်းပြိုဖြစ်သွားပုံမျိုး
မဆုံးသောရင်ကွဲသီချင်းတွေ....
သီဆိုရင် ကိုယ်ခံအားတို့ ပျက်စီးဆုံးရှုံနေရတာ အမှန်တရားလိုလို.........လက္ခံခဲ့ရတယ်
လျှို့ဝှက်ခြင်းတွေနဲ့လို့ သိလိုက်ရချိန်
ဘာမှ မမြင်ရပဲကြောက်နေရသလို.....
ချစ်သူဆိုတဲ့ ဝေါဟာရကို ရှင်သိကြားမင်စောင့်မတော်မူစေဖို့
သိကြားမင်းထံလှူခဲ့တယ်။
လင်းဆက်ဝေ
5.4.2015
Comments
Post a Comment