ကွန်​ဖျူးရှပ်

#ရှီုချင်း(ကဗျာကျမ်း)           ကွန်ဖြူးရှပ်
                                                                                                                                                                                                                            
ဤကျမ်းတွင် ဘီစီ ၁၂ ရာစုမှ ၈ ရာစုအထိ နှစ်ပေါင်း(၅၀၀)အတွင်းက
ကဗျာအကျော်အမော်များကို စုပေါင်းရေးသားထား၏။
ချောင်မင်းဆက်၏ ထိုကာလပိုင်းကို တရုတ်တို့သမိုင်းတွင်
နွေးဦးပေါက်နှင့် ဆောင်းဦးပေါက်ကာလဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြ၏။

ကဗျာစာစုပေါင်း ၃၀၀၀ ကျော်ထဲမှ ၃၀၅ ပုဒ်ကိုသာ ကွန်ဖြူးရှပ်က
ရွေးထုတ်မှတ်တမ်းတင်ခဲ့၏။
ထိုကဗျာများကိုလည်း သာမန်လူတန်းစားတို့၏ ဖိုမဆက်ဆံရေးကဗျာများ၊
သာမန်လူတို့အတွက် ပွဲလမ်းသဘင်ဆိုင်ရာကဗျာများ၊ မင်းခန်းမင်းနားဝင်ကဗျာများ၊
ဘုရားကျောင်းကန်ကဗျာများ ဟူ၍ အပိုင်းလိုက် ခွဲခြားတင်ပြခဲ့၏။

ကွန်ဖြူးရှပ်သည် သူ၏တပည့်များအား ကဗျာလင်္ကာအတတ်ကို သင်ကြားပို့ချပေး၏။
ဤသို့ပို့ချပေးရခြင်းမှာ အကြောင်းများစွာရှိလေသည်။ ချောင်မင်းဆက်ခေတ် နွေဦးပေါက်နှင့်
ဆောင်းဦးပေါက်ဟု မှည့်ခေါ်ရသောကာလတွင် ယဉ်ကျေးသိမ်မွေ့သော လူ့အသိုင်းအ၀ိုင်းဝင်များက
စကားပြောရာမှာပင် ကဗျာလကာင်္ ညှပ်ပြောလေ့ရှိသည်။ ထို့ကြောင့် ကွန်ဖြူးရှပ်က
"လင်္ကာမပါ စကားမချော" ဟု မှတ်ချက်ချဖူး၏။

ထို့ပြင်ကဗျာများ၌ပါဝင်သော ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်တန်ဖိုးများကိုလည်း
ကွန်ဖြူးရှပ်က အလေးအနက်ပြုခဲ့၏။

"#ကဗျာလေ့လာရခြင်း၏အကျိုးမှာ ကဗျာသည် လူသား၏ထိုးထွင်ဥာဏ်ကို ဖြစ်စေ၏။
သွေးမာန်တက်ကြွစေ၏။ လူမှုရေးရာအဖြာဖြာကို သိနားလည်စေ၏။
ကဗျာကို လေ့လာခြင်းဖြင့် မိဘဆွေမျိုး၊မင်းမှုးမတ်တို့အား အလုပ်အကျွေးပြုတတ်လာ၏။ အယုတ်ဆုံး ကဗျာဖတ်ခြင်းဖြင့် ငှက်များ၊ သစ်ပင်တောတောင်များ၏ အကြောင်းသိရသည်သာ"ဟု ကွန်ဖြူးရှပ်က မှတ်ချက်ချလေသည်။

#မောင်ဝေလွင်
မှတ်ချက်။    ။  စာမျက်နှာ ၂၈
ဆရာဆန်းလွင်၏ တရုတ်တွေးခေါ်ရှင်ကြီးများ စာအုပ်မှကောက်နုတ်ဖော်ပြသည်။


Comments