ဒါ အမာရွတ်မဟုတ်ဘူး ပန်းချီကား
______________________________
နေ့တနေ့ကို ဖြတ်သန်းတဲ့အခါ
စိတ်နဲ့ကိုယ် တသားထဲကျလိုပါ၏။
စိတ်နဲ့ခန္ဓာ မိုင်ပေါင်းများစွာ ဝေးကွာစေတာ ဘာကြောင့်လဲ။
သူမရဲ့ ကွေးသောလက်က မဆန့်သေးဘူး။
ကိုယ့်ရဲ့ ဆန့်သောလက်ကလည်း မကွေးသေးဘူး။
အစကတည်းက ပွင့်လင်းခဲ့ပါလျှက်နဲ့...။
ရိုးသားခြင်းတွေ ရှားပါးလာတဲ့ခေတ်မှာ လူဖြစ်ရတော့ ရိုးသားခြင်းကို ငတ်နေရတယ်။
စကားပုံတွေဟာ အမြဲတမ်းမှန်နေတာပဲ။
ကိုယ်ယုံကြည်တဲ့သူသာ ကိုယ်ဘဝကိုသတ်နိုင်တယ်ဆိုတာ....
အရင်က စောက်ဆန်းကြီးလို့ ထင်ခဲ့။
တဖြည်းဖြည်းမှုန်ဝါးသွားတဲ့ဝေးကွာမှုမှာ ပျော်ရပါတယ်။
တမိုးအောက်ထဲမှာပဲ ဆုံစည်းခွင့်ဟာရှိမနေခဲ့တာလည်းပျော်ရပါတယ်။ ဦးနှောက်တွေတုန်းဟီးသွားတဲ့အထိ ရင်ဘတ်ကအော်ခေါ်တယ် ။
အသံကို လည်ချောင်းထဲမှာ ထိန်းချုပ် ဆွံ့အလိုက်ရတာလည်းပျော်ရပါတယ်။
တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးဟာ လိုင်းကြပ်တယ်။
သူမရဲ့ လက်သူကြွယ်လေးဟာ ဧရိယာပြင်ပမှာ။
လွင့်နေတဲ့တိမ်တွေကို ချိတ်ဆက်ပြီး မျက်ရည်းတွေကို အငွေ့ပြောင်းပေးလိုက်ပါတယ်။
ဒီနေ့ မိုးမိတဲ့အခါ ကိုယ့်ကိုသာ အပြစ်တင်ပါ။
လင်းဆက်ဝေ
2.11.2015
Comments
Post a Comment