ခံစားချက်​ကိုဖွင့်​ဖို့ ၉၆ပါး​လောက်​ရှိ​နေတယ်

ခံစားချက်​ကိုဖွင့်​ဖို့ စကား ၉၆ပါးလောက်​ရှိ​နေတယ်
__________________________________________
မျက်​နှာဖုံး​တွေရိုးသားခြင်း​တွေလှလှပပပေါက်ပြဲလို့ ။
အမှတ်တံဆိပ်တစ်​ခုစီမှာ တွယ်ကပ်နေတဲ မရဏဟာ ခေတ်မီ သပ်​ရပ်​။ အဆုံးစွန်ခံစားမှုတစ်မျိုးမျိုးနဲ့။
ပျော်​ရွှင်​မှုဆိုတာ မငြင်းဆန်ခဲ့တဲ့
ဝှက်ဖဲတစ်ဖဲ။
ငါ့ရဲ့​စောက်​ဒုက္ခမ​သေးဘူးဆိုတာ `.....´ပဲဖြစ်​မယ်​။
ဦး​နှောက်​ထဲအပြုံးတွေမီးထထ​တောက်​တာနဲ့ ဘဝဟာ ထက်​ပိုင်းကျိုးခဲ့။
မျက်​ဝန်းမှာ အခုဆို ​ချော်​ရည်​​တွေ အဆက်​မပြတ်​ တစိမ့်​စိမ့်​ထွက်​​နေတယ်
လွမ်းတယ်​ဆိုတာ မီးခိုးကြွက်​​လျှောက်​​လောင်​​နေတဲ့ ငရဲ မီး။
လိမ်​လည်​တဲ့နှုတ်​ခမ်း​တွေကို မြင်​​နေလျက်​ ထပ်​ယုံကြည့်တာ။
ငါ့ခန္ဓာမှာ အရှိုးရာ​တွေ အထပ်​ထပ်​ လွှမ်းခြုံထားတဲ့ယုံကြည်​မှုဟာ ​ကြွေမွ အက်​ကွဲ။
ငါ့ရဲ့စိတ်​ဒဏ်​ရာဆိုတာ`.....´ချစ်​တယ်​ဆိုတာနဲ့ထစ်​ထစ်​​နေတယ်​။
ဘာအ​ရောင်​ပဲဖြစ်​ဖြစ်​ ဆိုး​ဆေးဟာ အန္တရာယ်​ပဲ ။
သောက်​ကျိုးနည်းကွာဆိုပီ ​နေရ ထိုင်​ရ အသက်​ရှင်​ရတာ ​ဆွေး​ဆွေး​မြေ့​မြေ့။
လေးအီး​နေတဲ့ ​နေ့ရက်​​တွေထဲ ​ကြေမွစွာ​စောင့်​​နေရတယ်​။
မ​သေနိုင်​ဘူး အံသွား​တွေကျိုးသွားတယ်​ ဆံပင်​​တွေဖြူလာတယ်​။
ဖြေသိမ့်​ဖို့ နားလည်​ဖို့ ​ဝေဒနာ​တွေနဲ့ ​ဆွေမျိုး​တော်​စပ်​​နေရတယ်​။
ဘဝဆိုတာ ​ခြောက်​ကပ်​ကပ်​ ​ချောင်း​ကော​လေးဖြစ်​လို့။

လင်းဆက်​​ဝေ
17.11.2015



Comments