တကယ်​မရှိတဲ့အရာဆိုတာ တကယ်​ရှိ​နေတာ အရာဟာ ဒဏ်​မ​ပေါ်တဲ့ အတွင်း​ကြေ မွ မွ ​လေး

တကယ်မရှိတဲ့အရာဆိုတာ တကယ်ရှိနေတာ  အရာဟာ ဒဏ်မပေါ်တဲ့ အတွင်ကြေ မွ မွ လေး
_______________________________________________

မေးခွန်းတွေချိတ်ထားတဲ့အခန်းထဲမှာ
ဘာမှမမြင်ရဘူး မျက်ဆံဖြဲ မျက်လုံးဖြဲကြည့်တယ် ကြည့်မရဘူး ကြည့်လို့.        ကို    မရဘူး။
မေးခွန်းတွေနဲ့ သူမနဲ့ ကိုယ့်အကြား
ဈေးနဲ့အိမ်လောက်ဝေးနေတယ်။
ရေငုပ်သင်္ဘောထဲမှာ ရည်ရွယ်ချက်မဲ့ကျန်းမာနေရတာ ဘာအဓိပ္ပါယ်မှ ဘာအဓိပ္ပါယ်လဲ။
ကြေကွဲတိမ်ဖြူဖြူတွေ ယိုစီးနေတာ ဝေဒနာပေါက်ကွဲမှု ဖြစ်နိုင်မလား
ယနေ့ ကိုယ်အပူချိန် အလွန်အမင်းတက်နေပါ၍ ဖုန်းမခေါ်တော့ပါ
စိမ့်ထွက်နေတဲ့ တမ်းတမှုလျှော်ရည်ပူများ။
ရုတ်တရက် ပေါ်လာရုတ်တရက် ပြောက်သွား
သော့တစ်ချောင်းဟာ မှန်ထဲမှာ ပြောင်းပြန်ပေါ်လာ မှန်ထဲမှာပေါ်လာ
မြင်လို့မရတာကို ဆက်သွယ်ဖို့ ကုဒ်နံပါတ်092602174732100654
လမ်းညွှန်းစာအုပ်ထဲမှာမပါဘူး GPS စနစ်ချို့ယွင်း။
အရမ်းအရေးမကြီးတော့ရင်  တွေ့ဖို့ ချိန်းပြီးမှ တွေ့ဖို့ ခဏလောက်မေ့ထား
လူ့သက်တမ်းခဏလောက်မေ့ထား
လိုပ်အပ်တာက ချစ်နေဖို့အသက်ရှင်နေတာ ချစ်နေတာကိုမမြင်ရ အသက်ရှင်နေတာ မမြင်ရ။
သေဆုံးကြောင်း လက်ဆုတ်လက်ကိုင်ပြဖို့ ခဏချိတ်ဆက်ရဦးမှာ။
တနေ့နေ့မှာ ချိတ်နှစ်ခုဟာ ချိတ်မိမှာ ဒါဆိုသေဆုံးကြောင်း အကျယ်တဝင့်သူသိသွားမှာပါ။
စိတ်ကူးအပေါက်အပြဲကြောင့် စကားလုံးအပေါက်အပြဲတွေ
ဝေးကွာခြင်းဟာ တို့အတွေးမှာ သီချင်းဟာ အပေါက်အပြဲတွေ
အဓိပ္ပါယ်လွတ်နေတဲ့အပေါက်အပြဲတွေ လမ်းပေါ်မှာ ဆက်လိမ့်နေ
အရက်ဆိုင်ထဲမှာ လိမ့်နေ
မောင်းပြန်ဓားပေါ်မှာလိမ့်နေ
ဆက်လိမ့်နေတယ် ယုံကြည်ရာမရှိတော့ရင် ရောက်တက်ရာရာ လိမ့်နေ
ဝဲဂယက်တွေနဲ့ ဝေးမလားလို့ ဆက်လိမ့်နေ
ပြုံနေတဲ့အရိပ်မဲမဲတွေနဲ့ဝေးရာသို့ ဆက်လိမ့်နေ
မျက်ရည်တွေနဲ့ဝေးရာ သေနတ်တွေနဲ့ဝေးရာ
ဝေးရာသွားရင်း နီးကပ်နေနဲ့ စိတ္တဇတွေ
သူမရဲ့သူမရဲ့တံစက်မြိတ်အောက်က
သူမရဲ့အကြေးခွံအောက်က
စိုးထိတ်စွာ ဝေးရာကို ဝေးရာကို ပြေးထွက်လာ။

လင်းဆက်ဝေ
10.12.2015


Comments