တစ်​နှစ်​ပြည့်

ပျောက်ဆုံးနေတဲ့ လမ်းသစ်လေး

လင်းဆက်ပိုင်

ကိုယ့်အရိပ်တွေ မှောင်လွန်းတယ်
ကိုယ့်အသံကိုယ် ပြန်ရွာချနေရတဲ့နေ့ရက်တွေ
ရွေချယ်စရာနည်းပါလွန်းတဲ့ ခရီးအတွက်
ကြပ်ညှပ်သတ်နေတဲ့ ဘက်စ်ကားကိုယ်တွယ်စီးရင်း
နေ့သစ်ကို ဖွင့်လှစ်တိုင်း အမောဖောက်နေရ
မီးခိုးတွေ ပျွတ်သိပ်နေတဲ့မြို့ပြ
ဆိုးရွားလွန်းတဲ့ခေတ်ဟောင်းစနစ်နဲ့
တည်ဆောက်ထားတဲ့ကား
မသတီစရာ ကြံ့ခိုင်ရေးနဲ့
ဟောင်နေတဲ့ ဖွံ့ထွားမှု့နဲ့ ...ကတမှောက်
လမ်းခရီက အဆင်မချောတော့ဘူး
မြင်မြင်ရာဆိုးရွာစွာ အိုင်ဒီရော်လော်ဂျီတွေက
ငါ့တို့ လုပ်အား အချိန်တွေ ခေါင်းပုံဖြတ်တယ်
ပျော်စရာလုံးဝမရှိ တဲ့ ဇနပုဒ်မှာ မီးမလား ရေခြား ဘဝတွေ ၀ပ်အားနည်း(နဲ)တယ်
အခင်းအကျင်းတွေ လူလုံးမလှပ
ချိုးမြိန်ခြင်းတွေ ထိုးဆိတ်နေတဲ့ ကျီးတွေက အာ ကောင်းတုန်း
သူ့အရပ်သူ့ဇာတ်ထုပ်တွေ မြေလှန်ချင်တဲ့ စိတ်တွေ အကျဉ်းချခံရ
ဒီလို အရိုးပြိုင်းပြိုင်းထ နာရီတွေ
မိတ်ကပ်ဖို့ ဆေးရောင်လှလှခြယ်ရင်း
တောင်စွယ်မှာနေမကွယ်ခင် ငါတို့စိတ်တွေ သေနေရ။

၁၂.၁၂.၂၀၁၄


Comments