ခန္ဓာကိုယ်​ရဲ့ အင်္ဂါသက်​သက်​ကပဲတပ်​မက်​စရာ

ခန္ဓာကိုယ်ရဲ့အင်္ဂါသက်သက်ကပဲတပ်မက်စရာအတိဖြစ်တယ်​ အ​ရောအ​နှောမလိုဘူး
__________________________________________

ည​ရောက်​ပြီဆိုရင်​ သဘာဝအတိုင်းပဲ​မှောင်​ပါရ​စေ။
အထူးခလုတ်​အမျိုးမျိုး ​အ​ရောင်​စုံ လင်းမ​နေ​စေချင်​​တော့ဘူး။
ဝါယာကြိုး​တွေထဲ သံသယ​တွေစီးဆင်းပြီး မီးဆိုင်း​တွေအလှဆင်​ဖို့ မလိုအပ်​။
ညဟာ ညအတိုင်း ​မဲနက်​​​နေပါ​စေ။
အထပ်​ထပ်​​လေ့ကျင့်​ထားတဲ့ အဓိပ္ပါယ်​​တွေ အကိုက်​အခဲ​ပျောက်​​ဆေးတိုက်​သင့်​တယ်​။
အရာရာ ကိုယ်​က မှားခဲ့​လေးခြင်းလို့သာ ​ဖြေသိမ့်​ ခဲ့ပါတယ်​။
အလွမ်းဟာ လင်းသန့်​စင်​ကြယ်​​နေတယ်​ဆိုရင်​။
အမှားဆုံးကိုကြူးလွန်းလိုက်​တဲ့ ရာဇဝတ်​မှုပဲ။
အတိတ်​ကိုသွားသွားကြည့်​ကြည့်​။
ဒဏ်​ရာ​တွေမရှိဘူး/ဒဏ်​ရာမ​ပေါ်တာလည်းဖြစ်​နိုင်​တယ်​။အမာရွတ်​​တွေဟာအရသာပဲလို့လျှာက အဓိပ္ပါယ်​ မထုတ်​​ပေးနိုင်​​လေခြင်း။
အတိတ်​မရှိ စိတ်​ကျ​ရောဂါသာရှိသည်​။
လက်​နဲ့​ရေးတာ ​ခြေနဲ့ဖျက်​ဖို့မလို​တော့ဘူး ပစ္စုပ္ပန်​ကို နားထင်​​တေ့ထားလိုက်​ယုံ။အကျယ်​ကြီး လန့်​ရယ်​ကြပုံမျိုး အသဲကွဲတယ်​ဆိုတာ ပန်းနဲ့ ​ပေါက်​တာလို။အိုစ​ကေ မြားနတ်​​မောင်​ ​လေး​လေးလံလံ ဝါကျတသ်​​ကြောင်းကို စတင်​​တွေ့ရှိခဲ့ပါတယ်​။

လင်းဆက်​​ဝေ
၂၆.၁၁.၂၀၁၅


Comments