ဆေးမှန်မှန်မသောက်တဲ့ လူနာ
___________________________
ကို်ယ်ဟာ ချေက်နက်ကြီးပဲဖြစ်တယ်။
နှင်းဆီရေ...။
ခုန်ချလိုက်။
ချစ်တယ်ဆိုတဲ့ ပဲ့တင်သံ ကြားရမယ်။
ချစ်ခြင်းမေတ္တာဟာ (ကမ္ဘ္ဘ္ဘာတည်သရွေ့)သက်တမ်းမကုန်ဆုံးပါဘူး။
ဘာအရောင်နဲ့ပွင့်ပွင့် မင်းဟာ နှင်းဆီပဲ။
မင်းရနံ့တွေနဲ့ ဝေးနေရတယ်ဆိုတော့ ငရဲပဲ။
ကိုယ့်အသက်ဝိဥာဉ်ဟာ ငရဲကျတယ်။
တကယ်တော့ ဝဋ်ကြွေးဆိုတာလည်း လက်စားအချေခံရခြင်း တစ်မျိုးပဲ။
မင်းရဲ့အနီးမှာနေပြီး အကြေဆပ်ချင်တယ်။
ဖြစ်ချင်ရာဖြစ်နိုင်တယ်။
ကိုယ် ချစ်တယ်ဆိုတာ မပြောင်းလဲဘူး။
ဝမ်းနည်းစရာတွေရွေးပြီး ရေးပို့လိုက်ပါတယ်။
သံသယစကားတွေ ရေးပို့လိုက်တယ်။
ဒါဟာ ကိုယ့်ရဲ့ သံယံဇာတတွေပဲဖြစ်တယ်။
လင်းဆက်ဝေ
၂.၁.၂၀၁၆
နံနက်၆:၅၁
Comments
Post a Comment