သေပြီးသားပန်းတွေဟာ ပြန်ပွင့်ဖို့မဖြစ်နိုင်ဘူး
စပေ့ခြားထားတဲ့ နာကျင်ခြင်းမှာ သေခြင်းဟာ
က။ခုန်တယ်
ခ။ကွေးညွှတ်ပေးရတဲ့ရောင်စုံမျဉ်းများ(သက်တန်)
ငါဟာ သေတော့မှာလို့ မတွေးမိခင်ကတည်းက သေနှင့်ပြီးသား။
ဓားနဲ့ အခါခါအထိုးခံရတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ရင့်ကြတ်လာတယ်။
ထို့ကြောင့်
က။သေပြီးသားတွေဟာဘယ်တော့မှ မသေဆုံးတော့ဘူး။
ခ။သေဆုံးပြီးတဲ့နေရာမှာ ရှင်သန်းခြင်းတွေရောက်လာမယ်။
ဂ။ချစ်ခြင်းမေတ္တာဆိုတာ ဥပေက္ခာပဲဖြစ်တယ်။
__________________________
မမြင်နိုင်တဲ့လူသားကပ်ဟာ ချစ်ခြင်းမေတ္တာတွေနဲ့ တေ့ဆက်ထားတဲ့အလွဲ
လင်းဆက်ဝေ
Comments
Post a Comment