ငြိမ်းချမ်းရေး
_________
ငါ့အရိုးနဲ့သွေးကြောတွေ ပိန်ချုံးချိနဲ့  နေပြီ။
သင့်တင့်လျောက်ပတ်စွာ ငါ့အသံတိုးလျနွမ်းလျက်။
ငါ့ခြေလှမ်းတွေကျင်းပစ်ခဲ့တာဘယ်သူဘာလိမ့်။
ငြိမ်းချမ်းရေး ၂
အချိန်မှန် ပြီး နေရာမှားနေတဲ့ ။
အသံ။အဓိပ္ပါယ်တစ်ခုခုစီ။အရာအားလုံးနီးနီး။ဥပေက္ခာပြုလို့ ။ငြိမ်သက်။
ငြိမ်းချမ်းရေး၃
မေးခွန်းချိတ်ထားတဲ့နိုင်ငံ။
အဖြေမှန်ဟာ စစ်ပွဲတွေနဲ့မိတ်လိုက်လို့။
ငြိမ်းချမ်းရေး ၎
အားလုံးမျှော်လင့်နေကြတဲ့ ။ ငြိမ်းချမ်းရေးဆွေးနွေပွဲတွေ ။
ပြန်လည်ရောက်ရှိလာပါပြီ။
နိုင်ငံတော်ဟာ ခြေတု လက်တုများဖြင့်။
ငြိမ်းချမ်းရေး ၅
ရင်ကွဲနာကျပါပြီလို့။
ချိုးဖြူ ငှက်ကလေးက တေးသီနေတယ်။
မွန်းကြပ်မှု့ဟာ မျက်တောင်တခတ်ခတ်။
ငြိမ်းချမ်းရေး ၆
ဘုရားပန်းလှူတဲ့အခါ လှတဲ့အခြမ်းဟာ ဘုရားကိုကျောပေးထားသလို။
စစ်နဲ့..အမှန်နဲ့ ကြား
သွားကြားညှပ်နေတဲ့ ။
ငြိမ်းချမ်းရေး ။
ဟာ ။
ငြိမ်းချမ်းရေး ၇
အဝေး .........မှ
ငါတို့မမြင်နိုင်တဲ့ ။
သို့.....
အလင်းစက်လေးကို မျက်စိဖွင့်ပေးပါ။
စစ်ပြေးဒုက္ခသည်များရိပ်မြုံ ။
နိတိ ကျင့်ဝတ်နဲ့ ထုံး ။
တိုင်းပြည်မွဲအောင်သတ္တိရှိလိုက်ကြသူများ။
လင်းဆက်ဝေ
၂.၅.၂၀၁၅
Comments
Post a Comment