အချစ်
………
နောက်ဆုံးရထားထွက်ခွာသွားပါပြီး။
ငါ့သဘောထားတွေသာ သွေးယိုစီးကျလို့။
ငြီးငွေ့စရာဘဝကိုပဲမက်မောဖို့။
ဒုက္ခသစ္စာတွေအကုန် သင်္ဂြိုလ်လိုက်ပါတယ်။
လင်းဆက်ဝေ
အချစ် ၂
အကွေ့မှာ တိုက်မိတဲ့ခလုတ်
အထီးကျန်ခြင်းဟာလက်ငင်းအကျိုးပေးတယ်
သံသရာကုန်သည်အထိ လွဲကြရတော့မှာပါပဲ
ဘာ့ကြောင့်
ပျော်ရွှင်ခြင်းကို အခြားအရပ်မှာ(မင့်ဆီမှာ)ရှာမိတာလဲ
။
လင်းဆက်ဝေ
အချစ်၃
သတိရခြင်း
အလွမ်း
အမှတ်တရ
တစ်ခုခုဟာ
မကောင်းဆိုးဝါးအကောင်ကြီးဖြစ် ဖြစ်သွားတယ် ။
လင်းဆက်ဝေ
အချစ် ၎
နာကျင်မှုကပိုပြီးအမှတ်တရဖြစ်စေတာလား
စွဲလန်းခြင်းမှာစိတ်ကြီးဝင်နေပေါ့
သူမကိုသတိရကြောင်းအတွေးကို အနားယူခိုင်းရတာ
ရှင်သန်ခြင်းဘဝရဲ့ အော့နှလုံးနာစရာ
လန်းဆန်းခြင်းမျ၊ား လောင်ကျွမ်းနေရသလို။
လင်းဆက်ဝေ
အချစ် ၅
ဒါတီထွင်ထားတာမဟုတ်
ကျူးကျော်ဝင်ရောက်လာတဲ့ ဆန္ဒ
အသိဥာဏ်ဘယ်လောက်ရှိပါသလဲ
ငိုတဲ့အခန်းတွေ ကြွင်းကကျန်ရစ်တယ် ။
လင်းဆက်ဝေ
၁၅၁၀၂၀၁၆
Comments
Post a Comment