အိမ်ဖော်
အိမ်ရှင်ဦးလေးကြီးဟာ သဘောသိပ့်ကောင်းတယ်။
မုန့်ဖိုး ပဲဖိုး ခဏခဏပေးတယ်။
အန်တီကြီးဥပုလ်စောင့်တဲ့နေ့ဆို...
အပြင်ခေါ်သွားပြီ မုန့်ပဲသွားရည်စာ အဝကြွေးတယ်။
အခု အရှက်ရစရာ သမီး ဗိုက်ဟာ ဖောင်းကားလို့လာ။
လင်းဆက်ဝေ
အိမ်ဖော် ၂
ဘုရားတကာကြီးဟာ တရားခွေဖွင့်လျက်
ကျမ ရင်နဲ့တင်သားတွေကိုရှု့မှတ်နေတယ်။
အိမ်ဖော် ၃
ဆင်းရဲခြင်းဟာ ဘဝဖျက်စီးခံရဖို့ လမ်းစပဲ
ဘုရားတကာကြီး မူးတဲ့ညမှာ လမ်းဆုံးတယ်
ကျမဟာ ဘဝဖျက်စီးခံရဖို့ ကြိုတင်စီမံခံရတဲ့
နယ်ရုပ်တခုလို။
လင်းဆက်ဝေ
Comments
Post a Comment