နေချင်စဖွယ် ဂြိုလ်ပြာပြာလေးဟာ ဖျားနာနေ
_________________________________
လောက သို့မဟုတ် ဘ၀ တစ်ခုချင်းစီတိုင်းကာလယန္တားကြီးထဲ ၀ါသနာပါရာကို လုပ်ကြရင်းပျော်ရွှင်ဖွယ် ရူးသွပ်နေကြခြင်းဖြစ်သည်။
လူတစ်ဦးစီးတိုင်းတွင် မတူကွဲပြားခြားနားသော အရူးရေရာဂါပိုးများရှိနေကြသည်။
တချို့က အရူးချင်းအတူတူကိုပင် ခွက်စောင်ခုတ်နေကြသေးသည်။ လူ့အဖွဲ့အစည်းဆိုတာ လူတစ်ဦးချင်းစီ တူရာစုဖွဲ့ထားသောအုပ်စုများသာဖြစ်သည်။
မဒိန်းမှု့တွေရှိနေတဲ့ ကမ္ဘာဂြိုလ်မှာ လူမှု့လိင် ဆိုတာဘာလဲ။
ငါတို့ကိုးကွယ်မှု့ဟာအမှန်လို့အသိဥာဏ်ပိတ်အော်နေကြတဲ့ကမ္ဘာဂြိုလ်မှာ ဘာသာရေးဆိုတာဘာလဲ။
အသားအရောင်တွေခွဲခြားနေတဲကမ္ဘာဂြိုလ်မှာ အမျိုးသားရေးဆိုတာဘာလဲ။
တောတောင်ရေမြေတွေအငြင်းပွားလုယက်နေကြတဲ့ကမ္ဘာဂြိုလ်မှာ နိုင်ငံတော်နဲ့ နိုင်ငံသားဆိုတာဘာလဲ။
ကမ္ဘာဂြိုလ်ပေါ်မှာ နယ်နိမိတ်ခွဲ အာဏာခွဲဝေထားခြင်းပဲဖြစ်တယ်။အာကြီးသူ စားစတမ်းဆိုတဲ့ လူ့အတွင်းစိတ်ထဲပုန်းအောင်းနေတဲ့ တိရစ္ဆာန်စိတ်/ဇွန်ဘီးစိတ်ပဲဖြစ်တယ်။ကမ္ဘာဂြိုလ်ထဲလူသားတွေမရှိတော့ပဲ အရိုင်အစိုင်းသတ္တ၀ါတွေပဲရှိနေတယ်။
လင်းဆက်ဝေ
Comments
Post a Comment