အဝါရောင် ချုပ်ရိုးတွေနဲ့ ဆောင်း
--------
နှင်းတွေကျလာတာနဲ့ ထိတ်လန့်ဖွယ် နာကျင်ဖွယ်တွေ ဒါမှမဟုတ်ချောက်ကမ်းပါးထဲပြုတ်ကျသလို ရင်လှိုက်မောဖွယ်တွေ ..........။
နံနက်ဖြန်တွေကို ဘယ်တော့ရောက်မှာလဲ။
နံနက်ဖြန်တွေပျောက်ဆုံးနေတာ ပြက္ခဒိန်ဘယ်နှစ်ခုစာလဲမသိ ကျော်လာခဲ့ပေါ့။
နာရီတွေက သံပါတ်မြည်တုန်းပဲ။ဘယ်သူ့ပေးခဲ့တဲ့ စိုးရိမ်ဖွယ်တွေလဲ။
တချို့မှတ်ဥာဏ်တွေဆွေးမြေ့သွားရင်သိပ့်ကောင်းမှာပဲ။အိပ်စက်ခြင်းဟာ မလွယ်ကူတော့ဘူး။အချစ်ဆိုတဲ့ပုံမှန်စကားလုံးထက်ပိုပြီးငါချစ်ခဲ့မိတာလား။
တကယ်တော့အချစ်ဆိုတဲ့စကားလုံး(သူ့တည်ရှိမှုသက်တမ်းအရ) ပုပ်သိုးဆွေးမြေ့နေမှာပဲ။ကျမမွေးခင်ကတည်းက ပုပ်သိုးနေခဲ့တာပဲဖြစ်မယ်။ငါ အဆိုးမြင်စိတ်များလွန်ကဲနေတာလား။
စိတ်ရဲ့ထင်ယောင်မှုတွေနဲ့ ကျိန်စာတွေကို ချစ်ခဲ့မိတာဟာ ဖြစ်ခဲ့တယ်။အချစ်နဲ့ပါတ်သတ်သူတွေ ဘာကြောင့် မနတွေ ဂုဏ်သိက္ခာတွေ ပျောက်ကွယ်သွားကြသလဲ။
အချစ်ဟာ ကိုယ့်ကိုကိုယ် သတ်သေစေတဲ့ ဥပါတ်ဒါန်ပဲ
အရမ်းချစ်ကြပြီးမှ လမ်းလွဲကြတဲ့အခါ ဘယ်လိုဖောက်ပြန်မှုလို့ ကင်ပွန်းတပ်ရမလဲ။
ကိုယ်ကျင့်တရားဖောက်ပြန်မှုလို့ စွပ်စွဲသ့ပါသလား။
ဘုရားတရားကိုင်းရှိုင်းပြီး နုညံ့တဲ့ပါတယ်ဆိုတဲ့လူတစ်ယောက်ဟာ နူးညံ့တဲ့မိန်မတစ်ယောက်ကို ဘာလို့များ အချစ်လို့ ခေါင်းစဉ်တပ်သတ်ပြစ်ခဲ့တာလဲ။
သူ့ရဲ့တွေးခေါ်မှုမှာ
ဘာသာတရားနဲ့ ချစ်ခြင်းမေတ္တာကြား စံတန်ဖိုးတွေဟောင်းနွမ်းဆွေးမြေ့နေတာပဲဖြစ်မယ်။
သူ့ရဲ့ အဇ္ဈတ္တဟာ စောက်ရမ်းကြောက်စရာပဲ။
အရာရာပြီးဆုံးသွားပြီတဲ့ သူ့စကားလွယ်လွယ်လေးပြောထွက်ခဲ့တယ်။
ကိုယ့်မယ်ရှေ့ဆက်ဖို့ လွယ်လွယ်မေ့ဖျောက်လို့မရတဲ့အမှတ်တရတွေနဲ့။
ချစ်မြတ်နိုးမှုဟာ သက်တမ်းကုန်လွယ်တဲ့ ကုန်ပစ္စည်းမှမဟုတ်တာပဲလေ။
ဝါးပင်လေးတွေ လေယူရာတိမ်းတဲ့အခါ ဝါးပင်လေးကို အပြစ်ဆိုရမလား တိုက်ခက်လာတဲ့လေပြေကို အပြစ်တင်ရမလား။
ကိုယ့်တွေးမှုသာကိုယ့်ကို ပိုမိုနာကျင်စေခဲ့ပါတယ်။
ကိုယ့်ဒဏ်ရာ ပြန်ပြီးဖြဲကြည့်ရတဲ့နေ့တွေ စာမျက်နှာတွေ အထပ်လိုက် အထုပ်လိုက် ။
အလွမ်းဆိုတဲ့ခံစားချက်မှာ ဒဏ်ရာကို ငြင်ဆန်မေ့ဖျောက်လို့ရရိုးလား။
အေးမြတဲ့ အခုလိုဆောင်းမှာ လိုအပ်နေတဲ့ ကိုယ့်ရဲ့ စိတ္တဇ အနွေးထည်လေးဟာသူပဲပါလိမ့်မယ်။
ကိုယ့်ယုံကြည်ချက်ကြောင့်ပဲ ကိုယ်ပြိုကျခဲ့တယ်။
ကိုယ်နံဘေးမှာ ထိခိုက်ဖွယ် ထိတ်လန့်ဖွယ် ရှင်သန်ခြင်းအစအနတွေ ပွကျဲနေ။
အသားကျနေတဲ့ကျမရဲ့ ဖြစ်တည်မှုကို အခြားအရပ်မှာရှာရတာလည်းပျော်နေသလိုလို....။
မုန်တိုင်းထဲမှာလည်းအောက်ဆီဂျင်ရှိတယ်ဆိုတဲ့ တာရာမင်းဝေရဲ့ စာသားလေးကို အဝေးကိုငေးရင်းဖွဖွလေးရွတ်ဆို အားတင်းနေမိတယ်။
ကြယ်ငေးသူတစ်ယောက်လိုပေါ့ ကြယ်ကြွေပါစေလို့ ဆုမတောင်းရက်သလို ကြယ်တွေဆီသွားဖို့လည်းမဖြစ်နိုင်ဘူး။
စိတ်ရဲ့မြင်ကွင်းတွေ လွတ်လပ်စွာ စီးမျောဖို့......
နှင်းပွင့်လေးတွေ တဖွဲဖွဲ......
ရော်ရွက်ဝါတွေ တဖြုတ်ဖြုတ်....
မိုးစက်လေးတွေ တဖျေ၊ာက်ဖျောက်......
နားလည်ရခက်တဲ့ စိတ်ရဲ့ အကောက်အကွေ့တွေ ဟာ နေဝင်ချိန်တိုင်း သိပ့်ဝမ်းနည်းရတယ်။။
လင်းဆက်ဝေ
Comments
Post a Comment