မွေးနေ့(သို့မဟုတ်)စနစ်တကျ ပြက္ခဒိန်ထဲကနှင်းဖွဲဖွဲလေးတွေ
………
မွေးနေ့ဆိုတာ နှစ်စဉ်ရောက်လာနေကျပါပဲ။
လူရယ်လို့ကမ္ဘာပေါ်ပြုတ်ကျလာတဲ့နေ့ကောင်းရက်မြတ်တစ်ခု။
ဟော...မလှဘူးလားလောကီဝဲဂယက် ။
မတည်မြဲမှုတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့။
နှင်းတဖွဲဖွဲကျနေတာကိုက သင်္ခါရပေါ့။
သနားစရာလား။
(ဒါမှဟုတ် )
ရခဲလှတဲ့လူဘဝဆိုတာပျော်စရာလား။
တရားတော်တွေဟာ လွတ်မြောက်ဖို့ဟောကြားကြ။
လောကကြီးကို ငါတို့ ဘယ်လိုအသုံးချခဲကြသလဲ။
ငါတို့ကရောလောကကြီးနဲ့ဘယ်လောက်အံဝင်ခွင်ကြဖြစ်ခဲ့သလဲ။
လောက နီတိတွေနဲ့ ဘယ်လိုအသားတကျလက်ဆွဲနှုတ်ဆက်နိုင်ခဲ့ပြီလဲ။
အလိုဆန္ဒ ၊ ထင်ယောင်မှု ။
ဒါမှမဟုတ် ကိုယ်တိုင်ကြည်နူးတစ်ခုပါပဲ(လား)။
ခေတ်ကခေတ်အတိုင်း ရွေ့လျားကြမြဲ။
ကြေနပ်အားရခြင်း ခဏများ။
လူ့ဘဝဆိုတာ သိပ္ပံသီအိုရီတစ်ခုလိုပဲ
တစ်ခုနဲ့တစ်ခုမှီတွယ်ချိတ်ဆက်နေကြတာပဲ။
တချို့အရာတွေကသွေးရူးသွေးတန့် အချိတ်အဆက် ။
စိတ်တံခါးအဖွင့်အပိတ်တွေလုပ်ရတာ အန္တရာယ်ဆိုတဲ့ခလုတ်ကို နာဝင်ပီယံဖြစ်အောင် တီးခတ်ရတဲ့ ပီယာနို။
ြိငိမ်းချမ်းအေးမြဖို့ဆို တချို့အရာတွေ ဥပေက္ခာပြု ရ။
ပစ္စုပ္ပန်မှာ စမ်းချောင်းလေးစီးဖို့ ပန်းကလေးတွေပွင့်ဖို့ ကိုယ့်အားကိုကိုးရုန်းရတာပဲ။
ဒါပေမယ့်ကွယ့် ကိုယ်ပိုင်ဆိုင်တဲ့ အိပ်မက်တစ်ခုသာပါပဲ။
စစ်မှန်တဲ့ပျော်ရွှင်စရာရှင်သန်ခြင်းဟာ နက်ရှိုင်းစွာမြုပ်နေတဲ့ အဇ္ဈတ္တထဲမှာ။
အချိန်တန်ရင် နေဝင်ချိန်လှပဖို့ပဲ အရေးကြီး(ရ)ပါတယ်။သံသရာဆိုတာ မျက်စိနဲ့မမြင်နိုင်တဲ့ ဥာဏ်နဲ့ကြည့်ရတဲ့ ပုန်းကွယ်နေတဲ့လမ်းပဲဖြစ်တယ်။
လင်းဆက်ဝေ
24,12,2016
Comments
Post a Comment