AဘီC မသောက်ရ မူးတက်သည် (ဝတ္ထုတို)
............
#A
သို့.......
ဆရာခင်ဗျာ ဆရာဟာ fbမှာ လူငယ်တွေကို အချစ်ရေး စိတ်အပမ်းဖြေနည်း ဘဝတိုးတက်ရေး နည်းလမ်းတွေကို အကြံပေးတယ်လို့သတင်းကြားရပါတယ်။
ကျွန်တော်မှာ အချစ်ရေးနဲ့ပါတ်သတ်ပြီး ဝေခွဲရခက်တဲ့ ပြသနာတက်နေပါတယ်။
ဆရာရဲ့ ကူညီမှုအကြံဥာဏ်ကိုလည်းမျော်လင့်မိပါတယ်။
ကျွန်တော်အဖြစ်က သာမာန်ဖြစ်စဉ်စ်ခုပါပဲ။
ကျွန်တော်တို့ချစ်သူနှစ်ယောက်ဟာ အစွန်းဆုံးထိ ယုံကြည်စွာ ချစ်မြတ်နိုးကြပါတယ်။
ကျွန်တော် ချစ်သူက လူလတ်တန်းစားပါပဲ။
စားရေးသောက်ရေးအဆင်ပြေကြပါတယ်။
တစ်ခုတော့ရှိတယ် ။ သူက ပထွေးနဲ့နေရတာ။
ပထွေးဆိုလို့ ပေါကားရုပ်ရှင်တွေထဲကလို ပထေးနဲ့ သမီး တကျက်ကျက် ရန်စောင်နေကြတဲ့သူတွေတော့ဟုတ်။
မိဘမေတ္တာဖွဲ့ဇာတ်လမ်းတွေလို တစ်ဦးနဲ့တစ်ဦးအနစ်နာခံချစ်ကြတဲ့ ပုံစံလည်းမဟုတ်ဘူး။
ကိုယ်သဘောနဲ့ကိုယ် အေးချမ်းစွာနေထိုင်ကြတာ။ပြောချင်တာက ပထွေးဆိုတဲ့လောင်းရိပ်အောက်မှာမိနေတဲ့ ဇာတ်နာစရာမိသားစုပုံစံမဟုတ်ဘူး။
ကျွန်တော်တို့ချစ်သူနှစ်ယောက်ကြားကိုလည်း သူ့မိဘတွေဝင်ရောက်မစွတ်ပါကြပါဘူး။
တနေ့မှာ သူမကပြောလာတယ်။
ဒီစကားဟာ တသက်လုံးတို့နှစ်ယောက် ဒဏ်ရာတွေဖြစ်စေနိုင်တယ်တဲ့။သေချာဆုံးဖြစ်ပါတဲ့။တချို့ ကံကြမ္မာဟာကြောက်ဖို့အနော်ကောင်းတယ်နော်။
ဖြစ်ပုံက ဒီလိုဗျ........
သူအမေက တရားစခန်း တလဝင်တဲ့အချိန်ပေါ့။
အိမ်မှာ ကျွန်မပထွေးနဲ့ နှစ်ယောက်ထဲကျန်ခဲ့ကြတာ။
ကျမပထွေးက သောက်တက်စားတက်တယ်။
ဒါကြောင့်ပဲ ဒီပြသနာဖြစ်လာခဲ့တာပေါ့။
ကျမအမေက ပထွေးကိုမှာခဲ့တယ် ရှင်သောက်ချင်ရင် အိမ်မှာပဲသောက် အပြင်မှာမသောက်နဲ့ အိမ်မှာသ္မီးတစ်ယောက်ထဲတဲ့။
အရင်လို ညဥ့်နက်မှမြန်လို့မရဘူးတဲ့။
အာ့နဲ့ ကျပထွေးလည်း အမေ့စကားနားထောင်ရှာပါတယ်။အိမ်မှာပဲသောက်တယ်။
Sky netက လာတဲ့ဇာတ်လမ်းတွေကြည့်တယ်။
ဘောပွဲတွေကြည့်တယ်။
တရက်သားမယ် အသက်၃၀အရွယ်လူတစ်ယောက်အိမ်ရောက်လာတယ်။
အတူတူသောက်ကြတယ်။သူတို့ဆက်ဆံမှုက ခင်မင်တာထက်ပိုတဲ့ဆက်ဆံရေးမျိုးပဲ။
သောက်လိုက်ကြတာ ရေချိန်အတော်ကိုကျော်နေကြတယ်။
ပထွေးက စောစောမှောက်သွားတယ်။
ပထွးကို သူနဲ့ကျမတွဲပြီးအခန်းထဲပို့တယ်။
သူလည်းပြန်တော့မယ်တဲ့။
မမြန်ခင် သူက ကျမကို လက်ဆောင်ပေးပါတယ်။
ရေးမွှေးပုလင်းလေး။ညီမလေးတဲ့ အနံလေးအရမ်းကောင်းတာတဲ့။အနံ့လေးမွှးအီးနေတာပဲဆိုပြီး။ပုလင်းအဖုံးဖွင့် ကျမနှာခေါင်းရှေ့ကို အတင်းရှူခိုင်းတော့တယ်။
ဒီအနံ့ကြောင့် ကျမ စိတ်တွေကြွလာတယ်။
သိစိတ်နဲလုံးဝကင်းလွတ်သွားတယ်။
ကျမ ရှင်ကို ပြန်မပြောပြဘူးလို့ဆုံးဖြန်ထားပေမယ့် လိပ်ပြာမလုံဘူး။
ညညဆို အိပ်မပျော်တော့ဘူး။
ကျမ ရိုးသားချင်တယ်။ ကျမတို့ရှေ့ရေးအတွက် ရှင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အချိန်ပဲ။
ဖြေးဖြေးပဲ စဉ်းစားသုံးသပ်စေချင်တယ်ရှင်ရယ်။
ဘာအဖြေပဲထွက်လာခဲ့ပါစေ ကျမ ရှင်ရဲ့အဖြေကို ကျေနပ်နေမှာပါ။
ဆရာခင်ဗျ ကျွန်တော်ဘာလုပ်ရမလဲ။
ခွင့်လွတ်ပေးရမှားလား။ ပြည်ဖုံးကားချလိုက်ပြီရှေ့ဆက်ရမှာလားကျနော် လုံးဝမတွေးတက်တော့ဘူး။
ဆရာ့ဆီက အကူအညီဟာအနည်းကျင်းလောက်တော့ ကျနော့်ကိုဖြေသာမယ့် အကြံရမယ်လို့ မျှော်လင့်လျှက်။
.....
#ဘီ
သို့.......
ဆရာခင်ဗျာ ဆရာဟာ fbမှာ လူငယ်တွေကို အချစ်ရေး စိတ်အပမ်းဖြေနည်း ဘဝတိုးတက်ရေး နည်းလမ်းတွေကို အကြံပေးတယ်လို့သတင်းကြားရပါတယ်။
ကျွန်တော်မှာ အချစ်ရေးနဲ့ပါတ်သတ်ပြီး ဝေခွဲရခက်တဲ့ ပြသနာတက်နေပါတယ်။
ဆရာရဲ့ ကူညီမှုအကြံဥာဏ်ကိုလည်းမျော်လင့်မိပါတယ်။
ကျနော် အဖြစ်က ဆန်းသလိုလိုရှိတယ်လို့ထင်မိပါတယ်။
ဒါ့ကြောင့်ဆရာဆီက အကြံကို ငံလင့်မိတယ်။
ဆရာဟာကျနော့ရဲ့ကောက်ရိုးမျှင်လေးဖြစ်နေနိုင်ပါတယ်လို့ ယူဆပြီး ဒီစာကိုရေးလိုင်ရတာပါ။ကျော်မသွားပါနဲ့ဆရာနော်.......
ကျနော်ချစ်သူက ကျနော့်ကို ဖြတ်သွားတယ်ဗျာ။
သူ့မိဘတွေ သဘောမတူကြလို့တဲ့။
ချစ်သူဆိုတာ အစားထိုးလို့ရတယ်တဲ့။
မိဘဆိုတာ အစားထိုးလို့မရဘူးတဲ့။ငါမိဘစကားပဲနားထောင်မယ်တဲ့။
ဒါနဲ့ ကျနော်ဟာ မူးရူးပြီးအနာဂတ်ပျောက်သလိုခံစားနေရပါတယ်။
တရက်မယ်သူငယ်ချင်းတွေက မြောက်ပေးကြတယ်။
ယောင်္ကျားဆိုတာ ကိုယ်လိုချင်တာရအောင်ယူရမယ်တဲ့။
အရှုံးမပေးပါနဲ့တဲ့ အရက်သောက်ရင်းသူတို့(သူငယ်ချင်း)ကပြောကြတယ်။
ဒါနဲ့ကျနော် ကျနော့ချစ်သူရဲ့ ကွန်ပျူတာသင်တန်းဆင်းချိန်သွားပြီး တော့.....။
နင် ငါနဲ့လိုက်ခဲ့ပါ ငါ နင့်ကိုမခွဲနိုင်ဘူးလို့ အတင်ခေါ်တာပေါ့။နင်ငါ့ကိုချစ်နေပါလျှက် ဘာလို့ ငါတို့ဝေးကြရမှာလဲပေါ့။
အဲ့ဒီလို စွဲလားရမ်းလားနဲ့ သူကအတင်းငြင်းနေတာနဲ့ ဓားနဲ့ထောက်ပြီး ငါနဲ့မလိုင်ရင် အသေပဲလို့ ခြိမ်းခြောက်တယ်။သူကဆက်ငြင်းတယ်။လူအများရှေ့မှာဆိုတော့ ကျနော့်စိတ်တွေမွန်ထူးပြီ ရှက်ရှက်နဲ့။
မလိုက်ဘူးဆို ကဲကွာ.... အ အ အား။
ကယ်ကြပါဦးရှင့်။
ကဲကွာ.....။
ကဲကွာ.........သေစမ်း မိန်းမယုတ်မ......။
အပျော်ကြံချင်ဦး။
မှတ်ပြီလား ကဲကွာ.....။
သူမ ပွဲချင်းပြီးသေသွားပါတော့တယ်။
ဒါနဲ့ကျနော်ဟာအဖမ်းခံရပါတယ်။ဒါမယ့်ထောင်မကျပါဘူး။ကျနော့ကို စိတ်ကျန်းမာရေး ဆေးရုံမှာပဲထားပါတယ်။
ဒါမယ့်ကျနော်ပြောချင်အဲ့ကိစ္စမဟုတ်ပါဘူး။
အခု ကျနော်နဲ့ အခန်းချင်းကပ်လျက်က ကောင်မလေးနဲ့ ချစ်သူဖြစ်နေကြတာ။
အဲ့အကြောင်းပြောပြချင်တာပါ။
သူလည်းကျနော့လိုပဲ သူ့ကောင်လေးကို သတ်ပြစ်ခဲ့တာပဲ။
လမ်းချင်းတူတယ်နော် အသွင်တူတယ်နော်။
ဒါမယ့် အိမ်သူဖြစ်မှ ကျနော့ကိုဓားနဲ့ထိုးရင်မခက်ပေးဘူးလား။
ညဘက်တွေဆို တဂျိဂျိ.....ကျိကျိနဲ့ ။
သူ့အခန်းက ဓားသွေးသံကြားနေရတယ်။
ညည မအိပ်ပဲ ဘာလုပ်နေလည်းမေးတော့ ဓားသွေးနေတာတဲ့။
ဓား ဘယ်ကရသလဲလို့မေးတော့ ကျမစိတ်ထဲမှာ ဓားကအမြဲရှိနေတာရှင့်မသိဘူးလားတဲ့။
ကျနော့စိတ်ထဲမှာလည်း ဓားတွေရှိနေတာ။
ဒါဆို သူ ကျနော့စိတ်ထဲဓားရှိနေတာသိလို့ ကြိုပြင်ဆင်နေတာဖြစ်မယ်။
ဆရာ ကျနော်တို့ရှေ့ခရီး ဘယ်လို့လုပ်ရမလဲ။
ကျနော် ဓားသွေးထားပါတယ်။
ဆရာကျနော့ဓားကို ဝေဖန်အကြံပြုပေးပါ။
..................
#C
သို့.......
ဆရာခင်ဗျာ ဆရာဟာ fbမှာ လူငယ်တွေကို အချစ်ရေး စိတ်အပမ်းဖြေနည်း ဘဝတိုးတက်ရေး နည်းလမ်းတွေကို အကြံပေးတယ်လို့သတင်းကြားရပါတယ်။
ကျွန်တော်မှာ အချစ်ရေးနဲ့ပါတ်သတ်ပြီး ဝေခွဲရခက်တဲ့ ပြသနာတက်နေပါတယ်။
ဆရာရဲ့ ကူညီမှုအကြံဥာဏ်ကိုလည်းမျှော်လင့်မိပါတယ်။
ကျွန်တော့ အဖြစ်က ဒီလိုဆိုပါတော့။
ကျနော်က ယောကျာင်္းတစ်ယောက်ဖြစ်ချင်တာ။
ကျနော်ယောင်္ကျားလိုပဲနေပါတယ်။
အရပ်ထဲမတော့ ကျနော့နောက်ကွယ်မှာ ယောက်ကရှာလို့ခေါ်ကြတယ်။
ကျနော့မှာ အပြန်အလန်ချစ်နေကြတဲ့ ချစ်သူရှိပါတယ်။
ဒါမယ့်ဆရာရယ် ကျနော်တို အတူပေါင်းသင်းဖို့ အရမ်းခက်တယ်။
ကောင်မလေးက ၁၀တန်းကျောင်းသူပါ။
သူ့အသိုင်းအဝိုင်းက ကျနော့တို့အဖြစ်ကိုကန့်ကွက်ကြတယ်။
အခုဆို ကျမတို့တွေချင်းတိုင်းမလွယ်တော့ဘူး။
တွေ့ကြရင်လည်း အရင်လို အအေးဆိုင်ထိုင် ပန်ခြံထဲ ဘုရားပေါ်သွားလို့မဖြစ်ဘူး။
ပါတ်ဝန်းကျင်ရဲ့ မျက်ဝန်းတွေက ကျနော်တို့ကိုလှောင်ကြတယ်။
ဒါ့ကြောင့် ကျမတို့ တည်းခိုခန်းမှာခိုးတွေ့ကြရတယ်။
စိတ်ကွယ်ရာက ၂ယောက်ထဲဆိုတော့ ဆရာတွေးကြည့်ပါ ဘာတွေဖြစ်ကြမလဲဆိုတာ။
ဆရာ အကြံတွေကို လိုချင်မိပါတယ်။
ကျနော်ဟာ အခုဆို ပါတ်ဝန်းကျင်နဲ့သဟဇာတမတည့် ။
လူ့ဝန်းကျင်နဲ့ကင်းကွာနေရပါတယ်။
ကျနော်ရဲ့ပျော်ရွှင်မှုဟာ သူမတစ်ယောက်ပဲရှိပါတယ်။
ကျေးဇူးပြုပြီး ဆရာကူညီပါနော်။
အားကိုးမျှော်လင့်လျှက်........။
တကယ်တော့ ဒီစာတွေဟာ လိပ်စာမှားပြီးရောက်လာကြတာ။
ကျနော်ကတော့ ဖတ်ကြည့်ပါတယ်။
အဖြေက ကျနော်လည်း မပြောပြတက်ဘူး။
အကြံပေးပါဆိုရင်တော့ sky net ရဲ့ အစီအစဉ် တစ်ခုမှာမေးပါလို့ပြောပါရစေ။
ကိုလူပျို/မပျိုမေတို့ အစီအစဉ် တဲ့။
နေ့စဉ်တိုက်ရိုတ်မေးလို့ရပါတယ်လို့ထပ်မံအကြံပြုပါရစေ။
လင်ဆက်ဝေ
Comments
Post a Comment