ခေတ်​မှီသူတိုင်းမုန်​တိုင်းနဲ့နှစ်​ပင်​လိမ်​ဖူးသည်

ခေတ်​မှီသူတိုင်း မုန်​တိုင်းနဲ့နှစ်​ပင်​လိမ်​ဖူးသည်
............................................................

ငါတို့ဟာ မိုးရာသီမှာ​နေထိုင်​ကြရ​တော့
မုန်​တိုင်း​တွေကို နားလည်း​ပေးရ မှာ​ပေါ့တဲ့။

မုန်​တိုင်း​တွေထဲမှာ ငါတို့ ရုပ်​ရှင်​ကြည့်​ခဲ့ကြ။
ကဗျာ​တွေရွတ်​ဆိုကြ။
ကော်​ဖီပူပူ​သောက်​ခဲ့ကြတယ်​။
ပျော်​စရာ တကယ်​​ကောင်းခဲ့ကြတယ်​မို့လား။

သာမာန်​လူ​နေမှု ဘဝထဲမှာလည်း မုန်​တိုင်းရှိ​နေနိုင်​တာပဲ။
မိုးရာသီရယ်​မှမဟုတ်​ဘူး။မုန်​တိုင်းဆိုတာ ရာသီမ​ရွေး​ပေါ်လာတက်​တာပဲ။
တခု​သော​နေသာတဲ့​နေ့မှာ ရုတ်​တရက်​ မုန်​တိုင်းတိုက်​ခတ်​ခဲ့တာ ​တွေ။
ဆောင်းရဲ့​အေးမြတဲ့မနက်​​တွေမှာ နှင်းမုန်းတိုင်းကျ​ရောက်​ခဲ့တာ​တွေ။

တကယ်​ဆို မိုးရာသီ​ကြောင့်​မဟုတ်​ဘူး။
ကိုယ်​တို့ရဲ့အတ္တ​တွေ​ကြောင့်​ မုန်​တိုင်း​တွေဖြစ်​​ပေါ်ခဲ့တာ​ပေါ့။
မုန်​တိုင်းဖြစ်​​ပေါ်လာပုံ ပုံပြင်​​လေး​ပြောပြဦးမယ်​။
.........
ပြုံးစစမျက်​ဝန်းတစ်​ခုနဲ့ ​ရှောင်​တခင်​ပါတ်​သတ်​မိတာက​နေစခဲ့တာ​ပေါ့။
အပြုံးဟာ မုန်​တိုင်းဖြစ်​​ပေါ်​စေတယ်​လို့​ပြောရင်​ ခင်​ဗျားတို့ ရယ်​​နေမှာလား။ကြောင်​တယ်​လို့ထင်​​နေမှာလား။ဒါဟာ ရှိခဲ့တယ်​ ဖြစ်​ခဲ့တယ်​။
ဆန္ဒတစ်​ခုရှိခဲ့ရင်​ အဲ့ဒီ့ဆန္ဒရဲ့ ​ကောင်း​မွေဆိုး​မွေ​တော့ ခံရမှာပဲ။

ပြုံးစစမျက်​ဝန်းတစ်​ခုနဲ့ ဆုံခဲ့ပြီး​နောက်​ပိုင်း....
အပြုံးရဲ့ တည်​​နေရာကို ရှာ​ဖွေမိတယ်​။
နာက်​ပြီးဆက်​သွယ်​ခဲ့တယ်​။ အစ​တော့ခပ်​စိမ်းစိမ်းပါပဲ။အချိန်​အတိုင်းအတာတစ်​ခုကြာ​တော့ရင်းနှီးကျွမ်းဝင်​လာတာပဲ။ ဇာတ်​လမ်းကဖြည်းဖြည်း​နှေး​နှေးနဲ့ပဲ အရှိန်​တက်​လာတယ်​။
ချစ်​ခွင့်​ပန်​တယ်​။ မူတယ်​။ ​နောက်​။အ​ဖြေ​ပေးတယ်​။
ချစ်​သူတို့ရဲ့သဘာဝအတိုင်း ​နေထိုင်​​ပျော်​ရွှင်​ကြတယ်​။
အဆင်​မ​ပြေတဲ့​နေ့ရက်​တချို့ရှိခဲ့သလို တအံ့တသြ​ပျော်​စရာ​တွေလည်းကြုံခဲ့ရတာပဲ။

မုန်​တိုင်​အ​ကြောင်းက အခုမှစတာ့မှာ။
....
...........

လူကြီး​ခေါ်ဆို​သောဖုန်းမှာလက်​တ​လော ဆက်​သွယ်​၍မရနိုင်​ပါရှင့်​။
နေ့စဉ်​ရက်​ဆက်​ ​ခေါ်ဆိုမှုတိုင်းရဲ့ ​ဖြေဆိုမှုဟာ
လူကြီးမင်း​ခေါ်ဆို​သောဖုန်းဟာ လက်​တ​လောဆက်​သွယ်​​ရေးမရနိုင်​​သေးပါ တဲ့။
ရုတ်​တရက်​ ​ပျောက်​ကွယ်​သွားတာ ဘာ​ကြောင့်​လဲ။
တွဲလက်​ကိုဖြုတ်​လိုက်​တဲ့အခါ ​ဝေးကွာခြင်း​ချောက်​ကမ်းပါးထဲကရုန်းထွက်​လို့ မရနိုင်​​တော့ဘူး။

အ​ဖြေဟာ ရှိမ​နေခဲ့ဘူး။
ဒါကို  မုန်​တိုင်းဟာ ရုတ်​ချည်းတိုက်​ခတ်​တယ်​လို့​ခေါ်ရမှာပဲ​လေ။
နှစ်​​တွေကြာလည်း ပြုံးစစ​လေးကို မ​တွေ့ရ​တော့ဘူး။
ဘာသတင်းမှ မကြားရ​တော့ဘူး။
ဒီကမ္ဘာ​ပေါ်မှာ အသက်​ရှင်​​နေ​သေးရဲ့လား။
ဘယ်​​နေရာမှာပုန်​ခို​နေခဲ့သလဲ။
ဘာ​ကြောင့်​ ထွက်​ခွာသွားတာလဲ။
မေးခွန်း​တွေနဲ့ မုန်​တိုင်းဟာ ပိုမိုပြင်းထန်​​နေတာ့တာပဲ။
ဒဏ်​ရာဆိုတာ ဘယ်​​တော့မှမပြီးဆုံးခြင်းမုန်​​တိုင်းပါပဲ။
ဒဏ်​ရာရှိ​နေတယ်​ဆိုတာကျန်းမာ​ရေးညံ့​နေတာပဲ။
မုန်​တိုင်းမိ​နေတယ်​ဆိုတာ အမြဲညို့မှိုင်းပြီး ပြင်းထန်​တဲ့အုပ်​မှိုင်းမှုပဲ။

ဘယ်​အချိန်​မှာမုန်​တိုင်းဟာ ရပ်​တန့်​မှာလဲ........
သူမ​ရော တိတ်​တဆိတ်​ မုန်​တိုင်းထဲမှာကျ​ရောက်​​နေမှာလား။
ပုံပြင်​​လေးဟာ တိုက်​ဆိုင်​မှုမရှိတဲ့သူအတွက်​​တော့ ပျင်းစရာ​လေးဖြစ်​​နေမှာ​ပေါ့။
ပုံပြင်​ထဲကလူကြီးက​တော့ မုန်းတိုင်းသတင်း​တွေအမြဲနားစွင့်​​နေတုန်းပဲ။
သူ့သူငယ်​ချင်း​တွေက​တော့​ပြောကြတယ်​ ​ဟေ့​ကောင်းမင်း​သေချင်​​နေတာလားတဲ့။
သေပြီးသာလူဟာ ထပ်​​သေစရာလို​သေးရဲ့လား။

မုန်​တိုင်း​တွေနဲ့ ရင်​ဆိုင်​ရရင်​​တော့ ခင်​ဗျာတို့လည်း ဘုရာ *တ*ကြ​ပေ​တော့။
ဒါမယ့်​ မုန်​တိုင်းကို​တော့ အပြစ်​မမြင်​နဲ့။
တခါတရံ ကိုယ့်​တိုင်​ပဲ မုန်​တိုင်းထဲ အရှိန်​မထိန်းနိုင်​ပဲတိုးဝင်​သွားကြတာပဲမဟုတ်​လား။
ခင်​ဗျာမှာလည်း မငြင်းဆန်​နိုင်​တဲ့ မုန်​တိုင်းတစ်​ခုရှိတယ်​မို့လား။
ခင်​ဗျားမုန်​တိုင်းတစ်​ခုကို  ဇွတ်​ကျက်​မှတ်​ဖူးခဲ့တယ်​မဟုတ်​လား။
ချစ်​တယ်​ဆိုတဲ့စကားကို မုန်​တိုင်းမှန်​ဖူးတဲ့ စာသူငယ်​​တွေက ပိုသိကြတယ်​မဟုတ်​ပါလား။

လင်းဆက်​​ဝေ
၄၁၂၀၁၈


Comments