ကျွန်​​တော်​​ပြောသားပဲ ဒါ ပုံပြင်​တဟ်​ပုဒ်​ကို ပန်းချီဆွဲလိုက်​တာပါလြိ့

ကျွန်တော်ပြောသားပဲ ဒါ ပုံပြင်တစ်ပုဒ်ကို ပန်းချီးဆွဲလိုက်တာပါလို့ ခင်ဗျား မယုံကြည် ဘူးဆိုတာ
_____________________________________________
နှုတ်/က /ထွက်လာတဲ့အသံဟာ ဘာသာစကားမဟုတ်ဘူးလို့ ငြင်းလိုက်ကြမယ်
ဝဖီးတဲ့ အသံနဲ့ ပိန်သေးတဲ့အသံမှာ သြဇာသက်ရောက်နိုင်စွမ်း ဘယ်လောက်စီရှိ
ဖိနပ်မပါပဲ လမ်းလျှောက်တယ်ဆိုတာ ခံတပ်မပါပဲ ချီတက်တာ
စိတ်ကူး အပိုင်းပိုင်း အစစတွေကိုအရုပ်ဆက် ကစားနည်းလို့ ဆက်ကြည်ရင် ဘာပုံပေါ်လာသလဲ
တောင်တန်းတွေ မြစ်ချောင်းတွေ မရှိတော့ဘူးဆိုရင် ပူမိသေးလား
စက္ကူလှေနဲ့ ပင်လယ်ကိုဖြတ်သန်းရသလို
မင်းမရှိရင်အသက်မရှင်ချင်ဘူးအချစ်ရယ်
အတွေးကို ကုလားဖန်းထိုးကြည့်တဲ့အခါ ဆံပင်းတွေငွေရောင်သမ်းစေတယ်
အမှောင်ထဲမှာရူးရူးရင့်ရင့်အရိပ်ကိုရှာကြည့်တဲ့အခါ
ဉာဏ်တိမ်မှုဟာစတိုင်ကျကျ ရှင်သန်းခြင်းဟာ ဟားတိုက်ရယ်မော
အိပ်မပျော်တဲ့အခါ အိပ်မက်တွေထုတ်စည်းထိုးတမ်း ကစားလို့မရတော့ဘူး
သတိရခြင်းကွန်ယက်မှာ ကြိုးရှုပ်
တစ်ခုခုကို ချစ်မြတ်းနိုးမိတဲ့အခါ ဘဝဟာ ပျော်စရာကောင်းအောင်ကြောက်စရာ။

လင်းဆက်ဝေ


Comments