၌ . အတွင်း

၌ . အတွင်း
---------
ကိုက်၁၀၀အတွင်း ကကြီးရှိသည်။
ကိုက်၁၀၀အတွင်း ဏကြီးရှိသည်။
ကိုက်၁၀၀အတွင်း ဠကြီးရှိသည်။
ကိုက်၁၀၀အတွင်း ကလေးရှိသည်။
ကိုက်၁၀၀အတွင်း ဏလေးရှိသည်။
ကိုက်၁၀၀အတွင်း လလေးရှိသည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ.....သို့။
ကိုရင် Kyaw Thet
ကိုက်၁၀၀အတွင်း မိန်းမရှိသည်။
ကိုက်၁၀၀အတွင်း ယောင်္ကျာရှိသည်။
ကိုက်၁၀၀အတွင်း Gayရှိသည်။
ကိုက်၁၀၀အတွင်း AIDSရှိသည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ.....သို့။
ကိုရင် Kyaw Thethet
ကိုက်၁၀၀အတွင်း ကိုက်တရာရှိသည်။
ကိုက်၁၀၀အတွင်း ကိုက်တရာရှိသည်။
ကိုက်တရာအတွင်း ကိုက်တရာတိတိရှိသည်။
ကိုက်၁၀၀အတွင်း အရှေ့ကိုက်တရားရှိသည်။
ကိုက်အတွင်း အနောက်ကိုက်တရာရှိသည်။
ကိုက်တရာအတွင်း ကိုက်တရာအလယ်အလတ် ရှိသည်။
ကိုက်၁၀၀အတွင်း လမ်းလွှဲမှ....သို့။
ကိုရင် KyaW Thet
ကိုက်တရာအတွင်း မီးနင်းပွဲရှိသည်။
ကိုက်၁၀၀အတွင်း ပဌာန်းပွဲရှိသည်။
ကိုက်၁၀၀အတွင်း ဘုရားကိုးဆူရှိသည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ....သို့။
ကိုရင် Kyaw Thet။
ကိုက်၁၀၀အတွင်း သားဖွားမီးယပ်ဆေးဆန်းရှိသည်။
ကိုက်၁၀၀အတွင်း ဈေးရှိသည်၊
ကိုက်၁၀၀အတွင်း မြို့နယ်မီးသတ်ရုံးရှိသည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ.....သို့။
ကိုရင် Kyaw Thet။
ကိုက်၁၀၀အတွင်း တရားရုံးရှိသည်။
ကိုက်၁၀၀အတွင်း လူကူးမျဉ်းကျားရှိသည်။
ကိုက်၁၀၀အတွင်း ကျူးကျော်တဲများရှိသည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ....သို့။
ကိုရင် Kyaw Thet။
ကိုက်၁၀၀အတွင်း ရထားလမ်းရှိသည်။
ကိုက်၁၀၀အတွင်းကျောင်းရှိသည်။
ကိုက်တစ်ရာအတွင်း လမ်းလွှဲမှ........သို့။
ကိုရင် Kyaw Thet ။
ကိုက်၁၀၀အတွင်းဗြူတီးဆလွန်းရှိသည်။
ကိုက်၁၀၀အတွင်း ရေခဲရေသည်ရှိသည်။
ကိုက်၁၀၀အတွင်း တည်းခိုးခန်းရှိသည်။
ကိုက်တရာအတွင်း (စုံ)တွဲများ (မ)တွဲများရှိသည်။ကိုက်၁၀၀အတွင်းလမ်းလမ်းလွှဲမှ.........သို့။ကိုရင် Kyaw Thet
ကိုက်၁၀၀အတွင်းလိမ္မော်ရည်ရှိသည်။
ကိုက်၁၀၀အတွင်းစတော်ဘယ်ရီရှိသည်၊
ကိုက်၁၀၀အတွင်း ဆိုးဆေးနှင့်ဆေးသကြားရှိသည်။ ချောင်းဆိုးပျောက်ဆေးရှိသည်။
ကိုက်၁၀၀အတွင်း
လမ်းလွှဲမှမောင်းပါ လမ်းလွှဲမှ......သို့။
ကိုရင် Kyaw Thet ။
ကိုက်၁၀၀အတွင်းကားပါကင်ရှိသည်။
ကိုက်၁၀၀အတွင်း ဘန်ဂလိုရှ်ိသည်။
ကိုက်၁၀၀အတွင်း လက်ပွေ့ဂျာနယ်သမားရှိသည်။
ကိုက်၁၀၀အတွင်း မြွေပွေးကိုက်သည်။
ကိုက်တရာအတွင်း လမ်းလွှဲမှ.......သို့။
ကိုရင်Kyaw Thet
ကိုက်တရားအတွင်း ဗုဒ္ဓရှိသည်။
ကိုက်တရာအတွင်း ယေရှု့ရှိသည်။
ကိုက်တရာအတွင်း မိုဟာမတ်ရှိသည်။
ကိုက်၁၀၀ရာအတွင်း လေယာဉ်ပျက်ကြသည်။
ကိုက်၁၀၀အတွင်းလမ်းလွှဲမှ.....သို့။
ကိုရင် KyawThet။

လင်းဆက်ဝေ
၂၀၁၇


Comments