အမိုးမပွင့်​တဲ့​လေထီးထဲက Xအီနာရှား

အမိုးမပွင့်​တဲ့​လေထီးထဲက Xအီနားရှား
..............................................

တွဲ​လျောင်းကျ​နေတဲ့ ကြိုးကိုလှမ်းဆွဲမိပါတယ်​။
ကြိုးအဆုံးမှာ အ​ခေါင်းအပြာ​ရောင်​တစ်​လုံး။
အာလူး​တွေလို့ နိမိတ်​ပုံမထည့်​​တော့ဘူး။
အာလူးဟင်းတို့ အာလူးတို့ဟာ ကဗျာအဖြစ်​ ကြိုပြီး​ရောက်​နှင့်​​နေကြ​ပေါ့။
သေခြင်ဆီသို့ သွားဖို့ရာ ငြိမ်ချမ်းဖို့​တော့ကြိုးစားရတာလို့။_____ဘယ်​သူ​ပြောမလဲ။
ထွေး​ထွေထူးထူး ​ကြော်​ငြာတဲ့ ​သေ​ကြောင်းကြံစည်​မှုမှာ။
အထ​မြောက်​ စူပါမက်​ကတ်​ထဲမှာ ကုမ္ပဏီတံဆိပ်​အမှန်​နဲ့ အခန့်​သားတည်​ရှိ။
သေချင်းဆိုး ကုန်​ပစ္စည်း​တွေ ။
ကြိုးစဟာ ဘယ်​မှာလဲ။
ကြိုးအစ မီးပွင့်​မိ​နေတဲ့ စံပယ်​ပန်းသည်​​လေးရဲ့ သမ္မာအာဇီဝ။
ပလက်​​ဖောင်း​ဘေးက​နေ​ရွေ့လျားလာတဲ့ အီနာရှားဟာ တစ်​နာရီး ၂​သောင်း ၂​လျော့။
မစ္စတာလူပျို​ပေါက်​​တွေနဲ့ ​ရွေ့လျားလှိုင်းတိုမီတာ အကွာမှ ​ဈေးကွက်​တစ်​ခု။
ပညာတက်​​တွေ​ရော အိမ်​ရှင်​မ​တွေ​ရော ​ထေရီးဝါရီး ဘုရား လူကြီး​တွေ​ရော
ပြည်​တန်​ဆာနဲ့ ၇၅ရာခိုင်းနှုန်း ဇီဝဖြစ်​စဉ်​​တွေနဲ့ လုပ်​ကိုင်​စား​သောက်​ကြ။
လူ့ကမ္ဘာသို့ပို့​ဆောင်​​ပေး​သော အကုသိုလ်​​ကောင်​နဲ့ အကုသိုလ်​​ကောင်​မ​တွေ​ကြောင့်​​ပေါ့။
မြို့​သေး​သေး​လေးက​နေမြို့အကြီးကြီးအထိ ကွန်​ဒုံးဟာမပါမဖြစ်​။
နိုင်​ငံ​တော်​ဟာ ဖာဖြစ်​ပြီး ဖာစကား​တွေနဲ့ကြီးပြင်းလာခဲ့ကြတဲ့ ဖာအ​သေးစား​တွေရဲ့ နိုင်​ငံ​တော်​ကြီး စည်​ပင်​ဝ​ပြောလို့။
ကြိုးစကိုဆွဲမိပါတယ်​။
နာရီထဲမှာ အသံဟာ သံပါတ်​ကုန်​သွားခဲ့။
ဆိုင်​ဘုတ်​​ထောင်​ပြီးလမ်း​လျှောက်​ကြ​ပေါ့ ငြိမ်ချမ်း​သော်​ ကြိုးစကို ဆွဲမိပါသလား။
ဂုဏ်​သိက္ခာရှိတဲ့​ ဒါ့ပုံကို fb​ပေါ်ပစ်​တင်​လိုက်​ရင်း ။အီနားရှား။ကြိုးစ။လေ၏အလျင်​ဘယ်​​လောက်​လား။

Mr.K
အေပရယ်​ နှစ်​ဆယ့်​ငါး နှစ်​​ထောင့်​တစ်​ဆယ့်​ခုနှစ်


Comments